KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်၊ (သောကြာနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– တော်လှန်ရေးကာလတစ်လျှောက် ပြည်သူလူထုပေါ် ခြိမ်းခြောက်ငွေကောက်ခံမှု မရှိဘူးလို့ Loikaw Local PDF ပြောပါတယ်။
– မိုးဗြဲမြို့ပေါ်ကို စစ်ကောင်စီ လေယာဥ်ဗုံးကြဲ၊ ပြည်သူ့နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ပါတယ်။
– ကရင်နီဒုက္ခသည်စခန်းမှာ သန္ဓေတားဆေး ပြတ်လပ်တော့မည်လို့ ဆိုပါတယ်။
– ကရင်နီပြည်မှာ ပြန်လာနေထိုင်မယ့် ရှမ်းပြည်ရောက် ကရင်နီစစ်ရှောင်လူထုတွေကို တာဝန်ယူကူညီဆောင်ရွက်ပေးသွားမယ်လို့ IEC ပြောပါတယ်
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
“လူထုစာလွှာ” အစီအစဉ်ကနေပြီး ပြည်သူတွေ ပေးပို့လာတဲစာလွှာတွေ၊ “ကုန်ဈေးနှုန်းသတင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်း” တွေကိုလည်း ကြားကြရဖို့ ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။