KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ မတ်လ (၄) ရက်၊ (အင်္ဂါနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
–ဒီးမော့ဆိုအနောက်ခြမ်းကို စစ်ကောင်စီ ၈ လုံးထက်မနည်း လေကြောင်းဗုံးကြဲခဲ့ပြီး လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့
– ဒီးမော့ဆိုအခြေစိုက် ခလရ ၁၀၂ တပ်ရှိရာကနေ တောမီး လောင်ကျွမ်းနေ
– ဒီးမော့ဆိုမြို့မှာ အသက် ၁၀ နှစ်ဝန်းကျင်အရွယ် စစ်ရှောင်ကလေးငယ်တစ်ဦး ရေကစားရာမှ ရေနစ်သေဆုံး
–လွိုင်နန်းဖမြို့နယ်နဲ့ ဒီးဘောင်းခူ မြို့နယ်က တိရိစ္ဆာန်အကောင်ရေ ၅၇၀၀ ဝန်းကျင်ကို ကာကွယ်ဆေး ထိုးနှံပြီးစီး
–ဖေဖော်ဝါရီ တစ်လတာအတွင်း KNDF တပ်ဖွဲ့ဖက်မှ ၅ဦးကျဆုံးခဲ့
– မိုးဗြဲမှာ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု ရှိတယ်လို့ မိုးဗြဲ PDF ဆို
– ဒီးမော့ဆိုအနောက်ခြမ်းမှာ ဝက်ပေါက်ဈေး အရင်နှစ်ထက် ဈေးပိုတက်လာ
– အခက်အခဲဖြစ်နေတဲ့ သတင်းသမားတွေကို IPCM အရေးပေါ် အကူအညီ ထောက်ပံ့ပေးမည်
စတဲ့သတင်းတွေနဲ့ မိုးလေဝါသသတင်း။
အပတ်စဉ်တင်ဆက်ပေးတဲ့ “Local Star” အစီအစဉ်ကနေပြီး “Htel Phoe Music Learning Center တည်ထောင်သူ မော်ဖရေမြာနဲ့ တွေ့ဆုံမေးမြန်းထားတာကို နားဆင်ကြရမှာဖြစ်ပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။