KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ မတ်လ (၇) ရက်၊ (သောကြာနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– နိုင်ငံတစ်ဝှမ်းမှာ တစ်လအတွင်း အသက် ၁၈နှစ်အောက်ကလေးငယ် ၁၃ ဦး အပါအဝင် အမျိုးသမီး ၆၆ ဦးသေဆုံး
– ဖရူဆိုအနောက်ဖက်ခြမ်းက ဒေသထွက် ငရုတ်သီးဈေး ပြီးခဲ့တဲ့လထက် ကျဆင်း ၊ အခက်အခဲကြုံရတယ်လို့ ရောင်းဝယ်သူတွေပြော
– ဘောလခဲ PDF ဖွဲ့စည်းပြီး ၃နှစ်အတွင်း တပ်ဖွဲ့ဝင် (၉)ဦး ကျဆုံး၊ ၅၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
– ကရင်နီမှာ စစ်ကောင်စီရဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တစ်လအတွင်း ၁၈နှစ်အောက်ကလေး ၄ ဦးအပါအဝင် ၅ဦး သေဆုံး
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
“ လူထုစာလွှာ “ အစီအစဉ်ကနေပြီး ပြည်သူတွေပေးပို့လာတဲ့ စာလွှာတွေကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ “ကုန်ဈေးနှုန်းသတင်း”ကိုလည်း ဆက်လက်ကြားကြရဖို့ ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။