spot_imgspot_imgspot_imgspot_img
Wednesday, March 12, 2025
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ မတ်လ (၁၀) ရက်၊ (တနင်္လာနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ မတ်လ (၁၀) ရက်၊ (တနင်္လာနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– ဒီးမော့ဆိုမှာ WY မူးယစ်ဆေးပြား တစ်ထောင်ကျော်ဖမ်းဆီးရမိ
– NUG ကနေ အနားယူလိုက်ပေမယ့် တော်လှန်ရေးမှာ ကျရာအခန်းကဏ္ဍကနေ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ခွန်းဗဟန်းထန် ပြော
– ကယန်းဒေသမှာ လူထုသတင်းသမားသင်တန်း အပတ်စဥ် (၃) ကို ဖွင့်လှစ်ပြီးစီး
– ရွှေညောင်မြို့မှာ စစ်မှုထမ်းမထမ်းလိုသူတွေကို ငွေကြေးတောင်းခံ၊ စစ်ရှောင်ပြည်သူတွေ အခက်တွေ့
– တောမီးလောင်ရာကနေ စစ်ရှောင်တဲအိမ်နှစ်လုံး မီးလောင်ပြာကျ
စတဲ့သတင်းတွေအပါအဝင်
“အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ကရင်နီအမျိုးသမီးတွေရဲ့ စကားသံ”တွေကိုလည်း နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ အမျိုးသမီးကဏ္ဍကနေပြီး “အမိုးလုံဖို့ ဖက်ရွက်ကောက်ကြတဲ့ ဒုက္ခသည်စခန်းက အမျိုးသမီးတွေ” ဆိုတဲ့အကြောင်း၊ “ကုန်ဈေးနှုန်းသတင်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းသတင်း” တွေကိုလည်း တင်ဆက်ပေးသွားဖို့ ရှိပါတယ်။  

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz  ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img