KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ မတ်လ (၁၃) ရက်၊ (ကြာသပတေးနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– မော်ချီးဒေသမှာ လေကြောင်းရန် ကာကွယ်ဖို့ ဗုံးခိုကျင်း မဖြစ်မနေ တူးထားဖို့ KNSO တိုက်တွန်းထားပါတယ်။
– ကာမီကာဇေ ခေါ် အသေခံဒရုန်းတွေကို အသုံးပြုပြီး အရပ်သားတွေကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်လာပါတယ်။
– ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာသင်တန်းကို KNYO မှ ၁၂ ရက်ကြာ ပို့ချပေးခဲ့ပါတယ်။
– ဖရူဆိုမြို့နယ်အရှေ့ခြမ်းက စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေပြတ်လပ်နေပြီး အကူအညီလိုအပ်နေပါတယ်။
စတဲ့သတင်းတွေအပါအဝင် “လွိုင်ကော်မြို့ က သူခိုးများ” ဆိုတဲ့ဆောင်းပါးနဲ့အတူ
အင်တာဗျူးကဏ္ဍကနေပြီး “ထိုင်း-ကရင်နီ နယ်စပ်က လေကြောင်းဗုံးကြဲခံရဖူးတဲ့ စစ်ရှောင်စခန်းတခုရဲ့ အခြေအနေနဲ့ပတ်သက်ပြီး စခန်းအတွင်းရေးမှူးနှင့် ဆက်သွယ်မေးမြန်းခြင်း”ကိုလည်း နားဆင်ကြရဖို့ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။