KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၁) ရက်၊ (သောကြာနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– နေပြည်တော် PDF ရဲဘော်ကိုစိုင်းသတ်ဖြတ်ခံရမှု ကယန်းပြည်သစ်တပ်မတော် ပွင့်လင်းမြင်သာစွာချပြမည်ဟုဆို
– မိုးဗြဲမှာ မတ်လအတွင်း မီးလောင်ဗုံးကြောင့် ပြည်သူ့နေအိမ် ၃၀ ထက်မနည်း မီးလောင်ပျက်စီး
– စစ်ရေးအခြေအနေအရ လွိုင်ကော်-ဆီဆိုင်လမ်းကို မသွားလာဖို့ KNDF ထုတ်ပြန်
– ဒီးမော့ဆိုက စစ်ရှောင်စခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ကလေးငယ်တစ်ဦးဒဏ်ရာရ
– စစ်ကောင်စီလက်နက်ကြီးကြောင့် ဒီးမော့ဆိုအရှေ့ခြမ်းက စစ်ဘေးရှောင်အမျိုးသမီး ထိခိုက်ဒဏ်ရာရ
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်း သတင်းတွေနဲ့
“တော်လှန်ရေးကာလမှာ မူးယစ်ဆေးဝါးဟာ စိန်ခေါ်မှုကြီး ဖြစ်လာနိုင်သလား”ဆိုတဲ့ ဆောင်းပါးကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ ကုန်ဈေးနှုန်းသတင်းကိုလည်း ဆက်လက်ကြားကြရဖို့ ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။