spot_imgspot_imgspot_imgspot_img
Wednesday, April 2, 2025
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်၊ (သောကြာနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်၊ (သောကြာနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– BNSCLC ကျောင်းမှ ၂၀၂၃ – ၂၀၂၅ခုနှစ် ပညာသင်နှစ် လက်မှတ်အပ်နှင်းခြင်း နဲ့ ကျောင်းဆင်းပွဲ အခမ်းအနား ပြုလုပ်
– တော်လှန်ရေးကာလအတွင်း အင်းလေး PDF အမှတ်(၁၀၀၉) တပ်ရင်းက ရဲဘော် ၁၂ ဦး ကျဆုံးခဲ့
– ဒီးမော့ဆိုမှာ ဓာတ်ဆီဆိုင် မီးလောင်
– နန်းမယ်ခုံမှာ ယာဥ်မတော်တဆဖြစ်ပြီး တစ်ဦး စိုးရိမ်ရ
– နန်းမယ်ခုံမြို့နယ်မှာ အမျိုးသား(၁)ဦးမိုင်းနင်းမိပြီး ညာခြေတစ်ဖက်ဆုံးရှုံး
– KNWO ရဲ့ WSP ကျောင်းရဲ့ အမှတ်စဥ် ၁၈ က ကျောင်းသူ ၃၄ဦး ကျောင်းဆင်း
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့ “မြင်းမထိတောင်မှာ မစ္စတာဝမ် ကုမ္ပဏီရဲ့ သတ္တုတူးဖော်မှုကို ဒေသခံတွေ ပြင်းပြင်းထန်ထန် ကန့်ကွက်မည်” ဆိုတဲ့အကြောင်းကိုလည်း နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ “ကုန်ဈေးနှုန်းသတင်း”၊ “လူထုစာလွှာ” အစီအစဉ်ကိုလည်း ဆက်လက်ထုတ်လွှင့်ပေးပါမယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz  ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img