ဒီကနေ့ နားဆင်ရမှာကတော့
– ရွှေတဂူစခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးသွားတဲ့ KNDF တပ်ရင်း ( ၁ ) စစ်ကြောင်းမှူး ဘင်ဂျာမင်ငဲငဲ ရဲ့ ဈာပန
– ဆီဆိုင်မြို့နယ်ထဲက စစ်ကောင်စီရဲ့ ရွှေတဂူစခန်းကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၄၀ ကျော် သေဆုံးပြီး ကလေးစစ်သားတစ်ဦးဖမ်းမိ
– တပ်သားသစ်စုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နဲ့ အတူ KNDF တပ်ရင်း (၃၄) ထံ ခိုလှုံလာ
– လွိုင်လင်လေးအခြေစိုက် (၅၃၀)တပ်မှ ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၁၂ နှစ်အရွယ် ကလေးနှစ်ဦးသေဆုံး၊ ၅လသားအရွယ် ကလေးငယ်တစ်ဦး လက်ပြတ်ဒဏ်ရာရ
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
အမျိုးသမီးကဏ္ဍကနေပြီး “ဆယ်ကျော်သက်အရွယ်ကတည်းက ခေါင်းဆောင်ဖြစ်လာသူ (သို့မဟုတ်) ဆရာမရိုစီ” ဆိုတဲ့အကြောင်းကို နားဆင်ကြရဖို့ ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.8 mhz ထုတ်လွှင့်ပေးနေပါတယ်။