KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၁) ရက်၊ (သောကြာနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– ဖယ်ခုံမှာ (၂၅ ) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ ငွေရတုအထိမ်းအမှတ် အခမ်းအနားကို ကျင်းပ
– ကယန်းအမျိုးသားနေ့ပွဲ ကျင်းပခဲ့တဲ့ သိကျိတ်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
– အပစ်ရပ်ကြေငြာထားတဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝှမ်းမှာ သေဆုံးသူ ၇၂ ဦးရှိ ၊ ကရင်နီက ၇ ဦးပါဝင်
– ရက် ၄၀ အတွင်း စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုအပြင် တောမီးကူးစက်လောင်ကျွမ်းမှုကြောင့် နေအိမ် ၁၃ လုံးထက်မနည်း မီးလောင်ပျက်စီး
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
“လူထုစာလွှာ” အစီအစဉ်ကနေပြီး ပြည်သူတွေပေးပို့လာတဲ့ စာလွှာတွေ၊ ရှားတောမြို့နယ်မှာ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်းသတင်းတွေကိုလည်း နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ “စစ်ရှောင်ပြည်သူတွေရဲ့ သွေးနဲ့ ရောတဲ့ မျက်ရည်” ဆိုတဲ့ ဆောင်းပါးကိုလည်း ထုတ်လွှင့်ပေးပါမယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။