KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်၊ (အင်္ဂါနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– ဆီဆိုင်က ပအိုဝ်းကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ၊ ပြည်သူ ၂ဦးသေဆုံးခဲ့ပြီး ၁ဦး ပြင်းထန်ဒဏ်ရာရ
– ဘောလခဲမှာ စစ်ဆင်ရေးထွက်တဲ့ စစ်ကောင်စီတပ်မိုင်းဆွဲတိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုရှိခဲ့၊ လက်နက်အချို့ သိမ်းဆည်းရမိ
– စီဒီအမ် အချင်းချင်း ကူညီဖို့ “လက်တွဲကူညီ စီဒီအမ်ထုဆီ” အစီအစဉ်ကို ဆောင်ရွက်နေ
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
” Local Star ” အစီအစဉ်ကနေပြီး Htel Phoe Music Learning Center တည်ထောင်သူ “မော်ဖရေမြာ” နဲ့ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်ကြရဖို့ ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.8 mhz ထုတ်လွှင့်ပေးနေပါတယ်။