KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၈) ရက်၊ (တနင်္လာနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– ဒီးမော့ဆိုအရှေ့ခြမ်းမှာ စပါးဧက ၁၀၀၀ ၀န်းကျင်ကို ခရုဖျက်ဆီး
– စစ်ကောင်စီတပ်သား ၆ဦး လက်နက်နဲ့အတူ DMO Local PDF ထံ ဘက်ပြောင်းခိုလှုံ ၊ ထောက်ပံ့ငွေပေးအပ်
– စစ်ကောင်စီရဲ့ နှိပ်စက်မှုကို မခံနိုင်တဲ့ PNO တပ်သား တစ်ဦး လက်နက်နှင့်တကွ PNLA ဆီ ဘက်ပြောင်းခိုလှုံလာ
– မော်ချီးဒေသကို စစ်ကောင်စီက ထပ်မံဗုံးကြဲခဲ့ရာ ၃ဦး ထိခိုက်ဒဏ်ရာရ
– ဒီးမော့ဆိုမြို့နယ်မှာ အသက် ၉ နှစ်အရွယ် စစ်ရှောင်ကလေးငယ်တစ်ဦး ရေကစားရာမှ မတော်တဆ ရေနစ်သေဆုံး
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့ မိုးလေဝသ သတင်းကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ အမျိုးသမီးကဏ္ဍကနေပြီး “ဒေလီယာ ရဲ့ သုံးနှစ်တာ ငရဲခန်းအတွေ့အကြုံ”ဆိုတဲ့အကြောင်း၊ “ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း ချယ်ရီကုန်းဈေး” မှာ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်းသတင်းကိုလည်း ထုတ်လွှင့်ပေးသွားပါမယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။