KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက် (သောကြာနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– မိုးဗြဲမြို့အနီးက ခမရ (၄၂၂) တပ်ကို စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်တွေ ပို့နေ
– နေအိမ်မီးငြိမ်းဖို့ကြိုးစားတဲ့ ပြည်သူကို စစ်ကောင်စီသေနတ်နဲ့ပစ်ခတ်ပြီး ခြောက်လှန့်
– တိုက်ပွဲဖြစ်နေတာကြောင့် လွိုင်ကော်-ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီး တလျှောက် မသွားလာဖို့ KNDF အသိပေး စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
“ ခြေထောက်တဖက်နဲ့ တော်လှန်ရေးခရီးကို ဆက်လျှောက်နေတဲ့ KNDF ရဲဘော် ” ဆိုတဲ့ဆောင်းပါးကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ ကရင်နီဒေသတွင်း သီချင်းတွေနဲ့ voa နိုင်ငံတကာသတင်းတွေကို ဆက်လက်ကြားကြရဖို့ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM 100 mhz နှင့် ကရင်နီပြည်အတွင်း FM 108 mhz မှာ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် ဖမ်းယူနားဆင်နိုင်ပါတယ်။