KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက် (သောကြာနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုဖြစ်ခဲ့တာကြောင့် လူတစ်ဦးသေဆုံးခဲ့
– ဖယ်ခုံမြို့နယ်ထဲက ကယောကျေးရွာတွေမှာရှိတဲ့ စစ်ရှောင်တွေ ဆန်ရိက္ခာပြတ်လပ်ပြီး အကူအညီတွေလိုအပ်နေ စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
– နေအိမ်တွေနဲ့ တောတောင်တွေမှာ စာသင်နေကြရတဲ့ ဒီးမော့ဆိုက ကျောင်းသား၊ ကျောင်းသူလေးများ အကြောင်းကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ “ “စစ်” ကြောင့် အလှပြင်ဆိုင်ပိုင်ရှင်ဖြစ်လာဖို့ လက်လွတ်ခဲ့ရသူ “မော်ဌေးမြာ”“ ဆိုတဲ့ဆောင်းပါးနဲ့အတူ ကရင်နီဒေသတွင်းတေးသီချင်းတွေနဲ့ voa နိုင်ငံတကာသတင်းတွေကို ဆက်လက်နားဆင်ရဖို့ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM 100 mhz နှင့် ကရင်နီပြည်အတွင်း FM 108 mhz မှာ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် ဖမ်းယူနားဆင်နိုင်ပါတယ်။