spot_imgspot_imgspot_imgspot_img
Saturday, September 14, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၃၀) ရက် (သောကြာနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၃၀) ရက် (သောကြာနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁ ) မှာ ဆေးခန်းသွားဖို့ ရေချောင်းဖြတ်ရာကနေ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ရေထဲမျောပါသေဆုံး
– စစ်ဘေးရှောင်စခန်းတချို့မှာ တစ်ပိုင်တစ်နိုင် မွေးမြူထားတဲ့ ကြက်တွေ ထပ်မံ သေဆုံးနေ
– ရှမ်းပြည်က ကရင်နီစစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ အလှူရှင်လိုအပ်နေ
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
– “သူတို့ ထပ်မပြေးလိုတော့ပါ” ဆိုတဲ့ သတင်းဆောင်းပါးကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ ကရင်နီဒေသတွင်း သီချင်းတွေနဲ့  voa နိုင်ငံတကာသတင်းတွေကို ဆက်လက်ကြားကြရဖို့ရှိပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM 100 mhz  နှင့် ကရင်နီပြည်အတွင်း FM 108 mhz မှာ  ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့်  ဖမ်းယူနားဆင်နိုင်ပါတယ်။

spot_img
spot_img