KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ လ (၁ ) ရက် (တနင်္ဂနွေနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတဲ့ Dawei Watch သတင်းသမားနှစ်ဦးအပြင် ဖမ်းဆီးခံရ သတင်းသမားများအားလုံးကို ပြန်လွှတ်ဖို့ IPCM တောင်းဆို
– တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီးမော့ဆိုမြို့နယ်ထဲက နေအိမ် ၂၀ ဝန်းကျင်ကို စစ်ကောင်စီ အကြောင်းမဲ့ မီးရှို့ဖျက်ဆီး
စတဲ့သတင်းတွေအပါအဝင်
ကျန်းမာရေးကဏ္ဍကနေပြီး “သတိထားသင့်တဲ့ ရေကျောက်ရောဂါ” ဆိုတဲ့ ကျန်းမာရေးဆောင်းပါးနဲ့ အင်တာဗျူးကဏ္ဍကနေပြီး “ စစ်ကောင်စီတပ်တွေမရှိတော့တဲ့ ရှားတော့မြို့နယ်မှာ ဘာတွေဖြစ်ပျက်နေပါသလဲ” ဆိုတဲ့ တွေ့ဆုံမေးမြန်းခြင်းကိုလည်း ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ ကရင်နီဒေသတွင်း သီချင်းတွေနဲ့ voa နိုင်ငံတကာသတင်းတွေကို ဆက်လက်ကြားကြရဖို့ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM 100 mhz နှင့် ကရင်နီပြည်အတွင်း FM 108 mhz မှာ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် ဖမ်းယူနားဆင်နိုင်ပါတယ်။