spot_imgspot_imgspot_imgspot_img
Saturday, September 21, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ လ (၉) ရက် (တနင်္လာနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ လ (၉) ရက် (တနင်္လာနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– စစ်ရာဇ၀တ်မှု ကျူးလွန်တဲ့ စစ်ကောင်စီကိုအရေးယူဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို အချက် ၄ ချက်နဲ့ IEC တောင်းဆိုလိုက်ပြီး ကမ္ဘာ့စစ်ခုံရုံးတွေမှာ တရားစွဲဆို အပြစ်ပေးနိုင်ဖို့ ကြိုးပမ်းသွားမည်
– အသက် ၂ နှစ်အရွယ်ကလေးငယ် အပါအဝင် ပြည်သူ ၉ ဦးထက်မနည်းသေဆုံးခဲ့တဲ့ စစ်ဘေးရှောင်စခန်း ဗုံးကြဲခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောင်းဆရာမတစ်ယောက်ရဲ့ စကားသံနဲ့အတူ ဒေသတွင်းသတင်းတွေနဲ့
အမျိုးသမီးကဏ္ဍကနေပြီး “ “စစ်” ကြောင့် အလှပြင်ဆိုင်ပိုင်ရှင်ဖြစ်လာဖို့ လက်လွတ်ခဲ့ရသူ “မော်ဌေးမြာ” “ ဆိုတဲ့ဆောင်းပါးကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ ကရင်နီဒေသတွင်းတေးသီချင်းတွေနဲ့ voaနိုင်ငံတကာသတင်းတွေကို ဆက်လက်နားဆင်ရဖို့ရှိပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM 100 mhz  နှင့် ကရင်နီပြည်အတွင်း FM 108 mhz မှာ  ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့်  ဖမ်းယူနားဆင်နိုင်ပါတယ်။

spot_img
spot_img