KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ လ (၁၂) ရက် (ကြာသပတေးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– အေးသာယာရောက် လွိုင်ကော်နဲ့ ဖယ်ခုံ စစ်ဘေးရှောင်တွေကို မှတ်ပုံတင် ၊ အိမ်ထောင်စုစာရင်းပြခိုင်းပြီး ဆန်ပေးဝေ
– လေကြောင်းတိုက်ခိုက်ခံရတဲ့ ဘန်ကောက်စစ်ရှောင်စခန်းက နေအိမ်ပျက်စီးသွားတဲ့ စစ်ဘေးရှောင်တွေ အကူအညီလိုအပ်
– အလှူရှင်နည်းပါးလာတာကြောင့် စစ်ရှောင်တွေ တစ်နိုင်တစ်ပိုင်စိုက်ပျိုးတွေ ပိုမိုလုပ်ဆောင်လာ
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေ …
– “ စစ်ရှောင်စခန်းက HIV ပိုးရှိသူတွေ ဆေးရရှိဖို့ ခက်ခဲလာ” ဆိုတဲ့ သတင်းဆောင်းပါးကို ကြားကြရမှာပါ။
အဲဒီနောက်မှာတော့ ကရင်နီဒေသတွင်း သီချင်းတွေနဲ့ voa နိုင်ငံတကာသတင်းတွေကို ဆက်လက်ကြားကြရဖို့ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM 100 mhz နှင့် ကရင်နီပြည်အတွင်း FM 108 mhz မှာ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် ဖမ်းယူနားဆင်နိုင်ပါတယ်။