spot_imgspot_imgspot_imgspot_img
Thursday, September 19, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက် (တနင်္လာနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက် (တနင်္လာနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– မိုးတွင်းလမ်းခရီး ကြမ်းတမ်းမှုကြောင့် IEC ရဲ့ ယာဥ်လိုင်းစီးနင်းတဲ့ ခရီးသည် နည်းပါးလာ
– ကိုကွေကျေးရွာမှာ မြေပြိုမှု၊ မြေအက်ကွဲမှုတွေကြောင့် စစ်ရှောင်တွေအပါအဝင် ကျေးရွာခံတွေ ယာယီပြောင်းရွေ့နေရ ၊ အကူအညီလိုအပ်
– ပွန်ချောင်းအရှေ့ဘက်ကမ်းမှာ ခိုလှုံနေထိုင်ကြတဲ့ စစ်ဘေးရှောင်အိမ်ခြေ ၂၀၀ ကျော်ပိတ်မိနေ ၊ အရေးပေါ် ကူညီနိုင်ဖို့ စက်လှေလိုအပ်
– နေအိမ်တွေ ရေထဲမျောပါသွားတဲ့ ရေဘေးသင့် စစ်ရှောင်ပြည်သူတွေ အကူအညီလိုအပ်နေ
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
အမျိုးသမီးကဏ္ဍကနေပြီး “ ကွန်ပျူတာကီးဘုတ်ပေါ်ကနေ ဟိုတယ်ကြမ်းတိုက်တုတ်ဆီသို့ “ ဆိုတဲ့ ဆောင်းပါးကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ ကရင်နီဒေသတွင်း သီချင်းတွေနဲ့  voa နိုင်ငံတကာသတင်းတွေကို ဆက်လက်ကြားကြရဖို့ရှိပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM 100 mhz  နှင့် ကရင်နီပြည်အတွင်း FM 108 mhz မှာ  ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့်  ဖမ်းယူနားဆင်နိုင်ပါတယ်။

spot_img
spot_img