spot_imgspot_imgspot_imgspot_img
Tuesday, December 24, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက် (သောကြာနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက် (သောကြာနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– လွိုင်ကော်အရှေ့ခြမ်းမှာ ဟင်းစားအတွက် ရိက္ခာခြောက်တွေ ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့‌နေ
– ဆိုမိုဖေစိုးလေးမြို့နယ် (ရှားတော) မှာ ရေကြီးမှုကြောင့် နေအိမ် ၃၀ ထက်မနည်း ရေနဲ့မျောပါပြီး နှမ်းခင်းဧက ၁၀၀၀နီးပါးပျက်စီးခဲ့
– ရေဘေးသင့်ပြည်သူအတွက် လူသားချင်းစာနာမှုအကူအညီကို သက်ဆိုင်ရာအဖွဲ့အစည်းကနေတဆင့် ပေးဖို့ KNPP၊ CNF၊ KNU၊ NUG တို့ ပူးပေါင်းကြေငြာ
– ရာဂီ မုန်တိုင်းသင့် မြန်မာပြည်သူတွေအတွက် WFP အကူအညီပေးသွားမည်
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
“HIV ကို ချစ်ခြင်းက အနိုင်ယူလိုက်ပြီ” ဆိုတဲ့ ဆောင်းပါးကို ကြားကြရမှာပါ။
အဲဒီနောက်မှာတော့ ကရင်နီဒေသတွင်း သီချင်းတွေနဲ့  voa နိုင်ငံတကာသတင်းတွေကို ဆက်လက်ကြားကြရဖို့ရှိပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM 100 mhz  နှင့် ကရင်နီပြည်အတွင်း FM 108 mhz မှာ  ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့်  ဖမ်းယူနားဆင်နိုင်ပါတယ်။

spot_img
spot_img