KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက် (ကြာသပတေးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ပင်လောင်း-ဖယ်ခုံနယ်စပ်မှာ ရက်ရှည်တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများတိမ်းရှောင်နေရ၊ ကျေးရွာအတွင်း ပိတ်မိနေသူများရှိနေ
– ထိုင်း – ကရင်နီနယ်စပ် စစ်ရှောင်စခန်းမှာ စစ်ကောင်စီရဲ့ ဒရုန်းထောက်လှမ်းမှုရှိနေတာကြောင့် စစ်ဘေးရှောင်တွေ စိုးရိမ်ထိတ်လန့်နေ
စတဲ့သတင်းတွေနဲ့
–ကရင်နီပြည်မှာ မိုင်းကြောင့် အရပ်သား ထိခိုက်မှု (၁၀၀) ဝန်းကျင်ရှိ
–ဒီးမော့ဆိုမြို့နယ်ရှိ ဆေးဆိုင်တချို့မှာ ဆေးဝါးပြတ်လပ်မှုရှိနေ
သတင်းပေးပို့ချက်နဲ့အတူ
–“စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ဘောလခဲမြို့တွင်းမှာ ဘာတွေဖြစ်နေပြီလဲ” ဆိုတဲ့ဆောင်းပါးကို နားဆင်ရမှာပါ။အဲဒီနောက်မှာတော့ ကရင်နီဒေသတွင်း သီချင်းတွေနဲ့ နဲ့ voa နိုင်ငံတကာသတင်းတွေကို ဆက်လက်ကြားရဖို့ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM 100 mhz နှင့် ကရင်နီပြည်အတွင်း FM 108 mhz မှာ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် ဖမ်းယူနားဆင်နိုင်ပါတယ်။