KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက် (တနင်္ဂနွေနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဆယ်ကျော်သက်လူငယ်တွေအတွက် ရောင်နီဦးပညာရေးစင်တာက Pre GED ကျောင်းကို ဖွင့်လှစ်ထား
– ထူးချောင်းစခန်းဆုတ်ပေးရပြီးနောက် စစ်ကောင်စီကရဟတ်ယာဥ်နဲ့ အင်အားပြန်ဖြည့်နေ
– ကရင်နီပြည်မှာ မိုင်းကြောင့် အရပ်သား ထိခိုက်မှု (၁၀၀) ဝန်းကျင်ရှိနေ
– ထိုင်း – ကရင်နီနယ်စပ် စစ်ရှောင်စခန်းမှာ စစ်ကောင်စီရဲ့ ဒရုန်းထောက်လှမ်းမှုရှိနေတာကြောင့် စစ်ဘေးရှောင်တွေ စိုးရိမ်ထိတ်လန့်နေ စတဲ့သတင်းတွေနဲ့အတူ မိုးလေဝသသတင်းတွေနဲ့
ကျန်းမာရေးကဏ္ဍကနေပြီး “ စိတ်ကျန်းမာရေးကောင်းမွန်ဖို့ နေထိုင်သင့်သည်များ” ဆိုတဲ့ ကျန်းမာရေး ဆောင်ပါးနဲ့
အင်တာဗျူးကဏ္ဍကနေပြီး “ဒေသထွက်ဆန်စပါး စျေးနှုန်းသတ်မှတ်ချက်နဲ့ ကရင်နီရဲ့ စားနှပ်ရိက္ခာအခြေအနေဆွေးနွေးချက်တွေအကြောင်း” တွေ့ဆုံးမေးမြန်းထားတာကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ ဒေသတွင်းသီချင်းတွေနဲ့ VOA နိုင်ငံတကာသတင်းတွေကို ဆက်လက်ကြားရမှာပါ။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM 100 mhz နှင့် ကရင်နီပြည်အတွင်း FM 108 mhz မှာ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် ဖမ်းယူနားဆင်နိုင်ပါတယ်။