KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက် (တနင်္လာနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဆိုမိုဖေစိုးလေး (ရှားတော)မြို့နယ်က အမှတ် ၁ စစ်ရှောင်စခန်းရဲ့ စာသင်ကျောင်းမှာ ကျောင်းသုံးပစ္စည်း လိုအပ်နေဆဲ
– နှမ်းနဲ့ မြေပဲအထွက်နှုန်းနည်းတာကြောင့် မရောင်းချပဲ နောက်နှစ်အတွက် မျိုးစေ့အဖြစ်ထားရှိ စတဲ့သတင်းတွေအပါအဝင်
– “ စနစ်တကျ ထိန်းသိမ်း သိမ်းဆည်းသူမရှိတဲ့ အမှိုက်တွေ ညစ်ညမ်းမှုတွေအဖြစ် ပြောင်းလဲလာနေသလား….” ဆိုတဲ့ သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ အမျိုးသမီးကဏ္ဍကနေပြီး “ ကရင်နီစစ်ရှောင်အရေးတွေမှာ တက်ကြွစွာပါဝင်နေတဲ့ တိုင်းတပါးရောက် “ ပိုပိုလေး ”” ဆိုတဲ့ အကြောင်းကိုလည်း ဆက်လက်နားဆင်ကြရဖို့ ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။