KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက် (အင်္ဂါနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– KNPDP မှ ခန့်အပ်သော ဗဟိုဦးစီးကော်မတီ (၇)ဦး နဲ့ နာယက ခန့်အပ်လွှာ ပေးအပ်ခြင်း အခမ်းနားပြုလုပ်
– တန်ဆောင်မုန်းလပြည့်ညမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ နေအိမ် ၃လုံးပျက်စီးခဲ့
– ရာသီအကူးအပြောင်းကြောင့် စစ်ဘေးရှောင်တွေ ဖျားနာမှုများနေ၊ ဆေးဝါးနဲ့ စောင်၊ အနွေးထည်တွေလိုအပ် စတဲ့သတင်းတွေအပါအဝင်
” Local Star” အစီအစဉ်ကနေပြီး ခွန်းစိန်းမော်နဲ့ တွေ့ဆုံမေးမြန်းထားတာကိုလည်း ကြားကြရမှာပါ။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။