KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်၊ (ဗုဒ္ဓဟူးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ကရင်နီပြည်ရှိ စစ်ရှောင်စခန်းတွေမှာ စောင် ၊ အနွေးထည် လိုအပ်ချက်များနေ
– KNDF တပ်ရင်းအတွင်းက အမျိုးသမီးတွေ တန်းတူညီမျှမှု ရရှိဖို့ နဲ့ ဦးဆောင်မှုအားကောင်းဖို့ ဂျဲန်ဒါ( gender ) တန်းတူညီမျှရေးဌာနကို ဖွဲ့စည်း
– နိုဝင်ဘာလအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံသူ ၃၃ ဦးရှိတယ်လို့ NUG ထုတ်ပြန်
စတဲ့သတင်းတွေနဲ့
– ဓလေ့မပျောက်စေအောင် အန္တရာယ်ကြားက ထိန်းသိမ်းကြတဲ့ “ငှက်လိုက်ပွဲ”ဆိုတဲ့ သတင်းဆောင်းပါးနဲ့ အတူမိုးလေဝသသတင်း……..ဒေသအတွင်းသတင်းတွေကို နားဆင်ရမှာပါ။
အဲဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်ပေးတဲ့ “သုတအဖြာဖြာ” ကဏ္ဍကနေပြီး “ဆေးခြောက် အကြောင်း သိထားသင့်သည်များ” အကြောင်း နားဆင်ရဖို့ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။