KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၀ ) ရက်၊ (တနင်္လာနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– နန်းမယ်ခုံမြို့နယ်အတွင်းရှိ ဓာတ်ဆီဆိုင်တန်းလျားတစ်ခု မီးလောင်မှုဖြစ်ပွား
– ပီကင်းကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူနှစ်ဦး ထိခိုက်မှုရှိ
– ဘောလခဲမြို့မရဲစခန်းမှ ရဲတပ်သား ၂ဦး CDM ပြုလုပ်ပြီး ဘောလခဲ PDF ထံ လက်နက်နဲ့အတူ ခိုလှုံလာ
စတဲ့သတင်းတွေအပါအဝင် ” စစ်ကောင်စီက အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့တဲ့ မိုဆိုဖြစ်စဥ်ကိုအရေးယူနိုင်ဖို့ နိုင်ငံတကာမှာတင်ပြရာ ဂျာမနီ နိုင်ငံတရားရုံးက ပယ်ချ” ဆိုတဲ့ သတင်းပေးပို့ချက်ကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ အမျိုးသမီးကဏ္ဍကနေပြီး “စစ်” ကြောင့် အလှပြင်ဆိုင်ပိုင်ရှင်ဖြစ်လာဖို့ လက်လွတ်ခဲ့ရသူ “မော်ဌေးမြာ” ဆိုတဲ့အကြောင်းကိုလည်း ကြားကြရဖို့ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။