spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီရဲ့ လက်နက်ကြီး နဲ့ လေယာဉ်ဗုံးကျဲမှုရန်ကို စိုးရိမ်တဲ့ ဖားဆောင်းဒေသခံများ ကြိုတင်တိမ်းရှောင်နေ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဖားဆောင်းမြို့မှာ ရှိတဲ့ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းရန်တွေကို ကြောက်ရွံ့တာကြောင့် ယာယီ ဘေးလွှတ်တဲ့ နေရာတွေကို ကြိုတင်ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဖားဆောင်းဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

“တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့ တိုက်ပွဲဖြစ်တဲ့နေရာကို လာပစ်တာတွေ ရှိတယ်လေ။ လက်နက်ကြီးတွေနဲ့လည်းပစ်တယ်။ ဟိုးတစ်နေ့ကစပြီး ဖားဆောင်းမြို့ သံလွင်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲစ ဖြစ်ခဲ့တယ်။ မနေ့က အဲဒီတိုက်ပွဲအနီးက လူတချို့ရှောင်ကြတယ်။ ဒီရက်လည်း မြို့ပေါ်က လူတချို့ တဖြည်းဖြည်းချင်းထပ်ရှောင်နေကြတယ်။ သူတို့ကိုလည်း ထိမှာစိုးရိမ်ပြီး ကြိုတင်ရှောင်ကြတယ်ပေါ့။” လို့ သူက ပြောပါတယ်။

ဖားဆောင်းမြို့မှာ လူဦးရေ နှစ်သောင်းကျော် ရှိနေပြီး လက်ရှိမှာ အဲဒီလူဦးရေရဲ့ ထက်ဝက်လောက် ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေဖြစ်ပွားချိန် လေကြောင်းတွေနဲ့ လာရောက်ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေဟာ ရွာမှာမနေရဲကြတော့ပဲ ဘေးလွှတ်ရာလို့ ယူဆကြတဲ့နေရာကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် ( PPDF ) ကတော့ ဖားဆောင်းမြို့ သံလွင်အရှေ့ဖက်ခြမ်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ကတည်းက တိုက်ပွဲစတင်ဖြစ်ပွားနေပြီး တိုက်ပွဲပိုပြင်းထန်လာနိုင်တဲ့အတွက် လူထုအနေနဲ့ သွားလာခြင်းမပြုကြဖို့ ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို လေကြောင်းတွေ လက်နက်ကြီးတွေနဲ့ လာရောက်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဇွန်လ (၁၅)ရက်နေ့ မှာ ဘောလခဲမြို့ကနေ ဖားဆောင်းမြို့ကို စစ်ကောင်စီဖက် ဒန်ဘာကား ၅စီးနဲ့ လူ အင်အား(၂၀၀)ခန့် ၊ လက်နက် ရိက္ခာအပြည့်အစုံ ချီတက်လာတာတွေရှိပါတယ်။

spot_img
spot_img

Recent posts