spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img

“Lose and Hope” ရဲ့ ဇတ်ကောင် ဆရာကျောင်း (သို့) အပြင်လောက က အန်ထော်နီ နဲ့ တွေ့ဆုံခြင်း

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်ရဲ့ လက်ရှိ အခြေအနေကို အခြေခံပြီး ရိုက်ကူးထားတဲ့ “Lose and Hope” ရုပ်ရှင်ဟာ လက်ရှိ နိုင်ငံတချို့တွေမှာ ပြသနေတာ ၁၆ ကြိမ်အထိ ရှိလာပြီဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ကနေ ရရှိတဲ့ ဝင်ငွေတွေကိုလည်း ကရင်နီပြည်မှာရှိတဲ့ စစ်ရှောင်တွေဆီ ပြန်လည်စီးဆင်းသွားမယ်လို့ ဆိုပါတယ်။

အဲ့ဒီရုပ်ရှင်ကို Karenni Art creation ( KAC ) အဖွဲ့ကနေ ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ CDM ကျောင်းဆရာ တပ်ခွဲမှူး “ဆရာကျောင်း”အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ အန်ထော်နီဟာ ယခင်က ကန္တာရဝတီတိုင်း ( မ် ) ရဲ့ သတင်းထောက်အနေနဲ့ လုပ်ကိုင်ခဲ့ဖူးသလို တော်လှန်ရေးကာလအတွင်းမှာလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) မှာ တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

“Lose and Hope” ရုပ်ရှင်ထဲ ပါဝင်သရုပ်ဆောင်ထားတဲ့ အန်ထော်နီ ရဲ့ ဘဝဇာတ်ကြောင်းနဲ့ ပတ်သက်ပြီး ကန္တာဝတီတိုင်း( မ် ) က ရိုက်ကူး မေးမြန်းထားပါတယ်။

spot_img
spot_img