spot_imgspot_imgspot_imgspot_img
Friday, March 14, 2025
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်းရှိ ဆောင်းဖွေးဆေးရုံအနီးကို စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲ၊ ထိခိုက်မှုမရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ဒီဇင်ဘာလ ၂၀ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်အချိန်မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်းမှာရှိတဲ့ ဆောင်းဖွေးဆေးရုံအနီးတစ်ဝိုက်ကို စစ်ကောင်စီကနေ လေယာဉ်နှစ်စီးနဲ့ ၃ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖယ်ခုံဇုန် မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ဖယ်ခုံ၊ မိုးဗြဲ၊ ခေါင်းမိုင်း မှာလည်း ထိတွေ့မှုတွေ ရှိတာပေါ့နော်။ ပြီးတော့ ဖယ်ခုံ အဝင်အထွက်က မိုင်းဖြတ်မှာလည်း ထိတွေ့မှုတချို့ ရှိခဲ့တယ်နော်။ ဒီရက်ကတော့ ဖယ်ခုံ အနောက်ခြမ်းမှာရှိတဲ့ ဆောင်းဖွေးဆေးခန်းနား လေယာဉ် နှစ်စီးပေါ့နော် ၃ခေါက် လာကြဲသွားတယ်။ အဲ့တာ ဒီနေ့လည် ၁၂နာရီမှာပေါ့နော်” လို့ သူက ပြောပါတယ်။

အဆိုပါ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့နေရာအနီးမှာ စစ်ရှောင်နေထိုင်ကြတာဖြစ်ပြီး ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီကနေ လာရောက်ဗုံးကြဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီကနေ ဆောင်းဖွေးဆေးရုံ နဲ့ ဆေးရုံအနီးတစ်ဝိုက်ကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု မကြာခဏ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တစ်လေးလုံး စတင်ခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး ကရင်နီပြည်အပြင် မိုးဗြဲ၊ ဖယ်ခုံမြို့နယ်အတွင်းမှာလည်း တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts