KT-FM ကရင်နီဘာသာ အစီအစဉ် ဖေဖော်ဝါရီလ ( ၅) ရက်၊ ၂၀၂၅ ခုနှစ် (ဗုဒ္ဓဟူးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
-ဖရူဆိုအနောက်ဘက်ခြမ်းက ဒေသခံတွေ အားထားသွားလာနေတဲ့ လမ်းမကို ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင်
– ဒီးမော့ဆို၊ ကျွန်းပင်ကုန်း (၂) စစ်ဘေးရှောင်မှာ ကလေး/လူကြီး အပါအဝင် အရေပြားရောဂါ အဖြစ်များပြီး ဆေးဝါးကူညီ လိုအပ်နေ
– အရေးပေါ် ကယ်ဆယ်ရေးကား ဝယ်ယူဖို့ပြုလုပ်နေတဲ့ ကမ်ပိန်း ၃၉ ရာခိုင်နှုန်းသာ ရှိသေးတာကြောင့် ပါဝင်ကူညီပေးဖို့ တောင်းဆို ဆိုတဲ့သတင်းနဲ့ ရှေ့တန်းမိုင်းရှင်းတဲ့ “ဗိုလ်နေတိုး ”ဆိုတဲ့ဆောင်းပါးနဲ့အတူ ကယေဘာသာ နှင့် ကယန်းဘာသာစီအစဥ်နဲ့ နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို ညနေ ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။