အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (မြန်မာ)
(ဗုဒ္ဓဟူးနေ့ ည ၇ နာရီတိုင်း)
ဒီတစ်ပတ်မှာတော့ ကမ္ဘာ့ကပ်ဘေး ရောဂါဖြစ်တဲ့ COVID19 ရောဂါ အကြောင်းသိကောင်းစရာများ၊ ရွှေ့ပြောင်းတောင်ယာတွေကို အမြဲတမ်းတောင်ယာစနစ်ပြောင်းဖို့ စီစဉ်နေတယ် ဆိုတဲ့ သတင်း၊ လွိုင်ကော်မြို့ရှိ နေရပ်ပြန်တွေ တည်းခိုရာအဆောင်ပတ်လည်ကို ပိုးသတ်ဆေးဖြန်းတယ် ဆိုတဲ့သတင်းတွေနဲ့ “လွတ်မြောက်လာတဲ့ တောင်သူတွေ ဘယ်မြေပေါ်မှာ လုပ်စားရမလဲ” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်တို့အပြင် သီချင်းကောင်းလေးတစ်ပုဒ်ကို ထုတ်လွှင့်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
အားလုံးပဲ ကပ်ရောဂါဘေးက ဘေးကင်းစွာ နေရင်း နာဆင်ပေးကြပါအုံး။