spot_imgspot_imgspot_imgspot_img
Wednesday, October 16, 2024
spot_imgspot_imgspot_imgspot_img

New Horizon Institute ကျောင်း သုံးနှစ်ပြည့်အထိန်းအမှတ် TED Talks ပြိုင်ပွဲပြုလုပ်

Author

Date

Category

CJ/ကန္တာရ၀တီတိုင်း(မ်)

ယနေ့၊အောက်တိုဘာလ (၁၀) ရက်နေ့မှာ ကရင်နီပြည် မှာရှိတဲ့ New Horizon Institute ကျောင်းရဲ့ သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် TED Talksပြိုင်ပွဲ (ပညာပေးစကားပြောဆိုပြိုင်ပွဲ) ကို ပြုလုပ်ခဲ့ပါတယ်။

“သုံးနှစ်ပြည့်တဲ့အထိမ်းအမှတ်အနေနဲ့ပေါ့နော်၊ ကျောင်းပြီးသွားတဲ့ ကလေးတွေကိုပြန်ပြီးတော့ဆုံခိုင်းစေချင်တာရယ်၊ ပြီးတော့ဒီကျောင်းမှာ ပထမ Semester ပြီးသွားတော့ သူတို့ကိုနည်းနည်း confident ရှိအောင်ပေါ့နော်၊ ပြိုင်ပွဲပါလုပ်ရင်းနဲ့ အမှတ်တရဖြစ်သွားအောင် ဆိုပြီးရည်ရွယ်ပြီးတော့ ဒီသုံးနှစ်ပြည့်တဲ့အခမ်းအနားကိုကျင်းပတာဖြစ်တယ်ပေါ့။” လို့ New Horizon ကျောင်းတာဝန်ခံ ဆရာ သြဂုတ်စတင်းက ပြောပါတယ်။

သုံးနှစ်ပြည့်အခမ်းအနားမှာ အမှတ်စဥ် (၃) ကျောင်းသူ၊ ကျောင်းသားတွေရဲ့ TED Talks ပြိုင်ပွဲများ၊ ဆုပေးခြင်းအစီအစဥ်များအပြင် New Horizon ကျောင်းရဲ့ ကျောင်းသားသမ္မဂဖွဲ့စည်းခြင်း အစီအစဥ်ကိုလည်း ပြုလုပ်ခဲ့ပါတယ်။

“ကျောင်းပြီးသွားတဲ့ ဒီ Batch 2 ကလေးတွေပေါ့နော် သူတို့ကနေပြီးတော့ ကျောင်းသားများသမဂ္ဂနဲ့ချိန်ဆက်ပြီးတော့ New Horizon ကလည်းကျောင်းသားသမဂ္ဂတစ်ခု ဖန်တီးချင်တယ်ဆိုတဲ့ဟာပေါ့နော်၊ သူတို့တောင်းဆိုလာတော့ ကျောင်းပြီးတဲ့ ကလေးတွေစုပြီးတော့ တစ်ခါတည်းကျောင်းသားသမဂ္ဂ ဖွဲ့ဖို့တွက်ပေါ့နော်။ အဲ့ဒါတော့ကျောင်းသားကနေပြီးဦးဆောင်လုပ်သွားတာပေါ့နော်။ ပြီးတော့ကျောင်းအနေနဲ့လည်းပြန်ပြီးတော့ feedback ပေးနိုင်တယ်ပေါ့နော်၊ ကျွန်တော်တို့ကျောင်းမှာ ဆရာဆရာမ လိုအပ်ချက်တွေရှိမယ် ကျောင်းရဲ့လိုအပ်ချက်တွေရှိမယ်ပေါ့နော်။ အဲ့ကျတော့သူတို့အကြံအဉာဏ်ပေးခြင်းအားဖြင့်သေည်လည်းကောင်း ပါဝင်ကူညီပေးခြင်းအားဖြင့်သော်လည်းကောင်း ကျောင်းအတွက်ပိုပြီးတော့ဖွံ့ဖြိုးသွားအောင်ပေါ့။” လို့ ဆရာသြဂုတ်စတင်းက ဆက်လက်ဆိုပါတယ်။

၃နှစ်အတွင်း New Horizon Institute ကျောင်းမှာ ကျောင်းသူကျောင်းသား ၃၅ ဦးကျောင်းပြီးဆုံးခဲ့ပြီဖြစ်ပြီး လက်ရှိ အပတ်စဥ် ၃ ကျောင်းသူကျောင်းသား ၂၈ ဦးတက်ရောက်နေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts