KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်၊ (အင်္ဂါနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– ဝါရီဆူးပလိုင်ကျေးရွာအတွင်း ရွာခံဖြစ်ကြောင်း အတည်ပြုနိုင်တဲ့ အမျိုးသား လူအရိုးစု တစ်ခုထပ်မံတွေ့ရှိခဲ့ပါတယ်။
– ဘောလခဲမြို့နယ်အတွင်း အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားနိုင်တာကြောင့် ပြည်သူတွေကို ၁၀ ရက်အတွင်း ရွေ့ပြောင်းဖို့ တော်လှန်ရေးတပ်ပေါင်းစု နှိုးဆော်ထားပါတယ်။
– ၁ လတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးကျော်သေဆုံးပြီး ဒုအရာခံဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား စုစုပေါင်း ၁၀ ယောက် KNDFထံသို့ ဘက်ပြောင်းခိုလှုံလာခဲ့ပါတယ်။
– လေကြောင်းတိုက်ခိုက်မှုကြောင့် KNDF တပ်ရင်း (၁၅)မှ ဒရုန်းတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပါတယ်။
-ယခုနှစ် ဝဥ စျေးကောင်းရနေပေမယ့် ဝဥ ပြန်တူးဖော်နိုင်ဖို ဖရူဆိုဒေသခံများ အခက်တွေ့နေပါတယ်။
စတဲ့သတင်းတွေအပါအဝင် ဆောင်းပါးကဏ္ဍကနေပြီး ” တိုင်းရင်းသားဒေသတွေမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုကို လျော်ကြေးနဲ့ကျေအေးမှု တွင်ကျယ်နေဆဲလား။ ” ဆိုတဲ့အကြောင်းကိုလည်း နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ ” Local Star” အစီအစဉ်ကိုလည်း ဆက်လက်ကြားကြရဖို့ ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။