spot_imgspot_imgspot_imgspot_img
Thursday, November 7, 2024
spot_imgspot_imgspot_imgspot_img

လာမယ့်နှစ် နွေစပါးစိုက်ပျိုးရေးအတွက် IEC ‌ထောက်ပံ့ကူညီမည်

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

လာမယ့် ၂၀၂၅ ခုနှစ် နွေစပါးစိုက်ပျိုးမယ့် ကရင်နီတောင်သူတွေကို တတ်နိုင်သလောက် မျိုးစေ့ ထောက်ပံ့ကူညီသွားမယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ပြောပါတယ်။

“စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် ဆည်မြောင်းဌာနဖက်ကနေ မျိုးစေ့မျိုးဆံတွေကို စုဆောင်းပြီးတော့မှ တတ်နိုင်သလောက် စိုက်ပျိုးတောင်သူတွေကို ထောက်ပံ့ပေးနိုင်ဖို့ စီစဥ်တာမျိုးတွေ ရှိပါတယ်။ ပြီးရင်တော့ ဘိုကာရှီ သဘာဝမြေသြဇာတွေကို လုပ်ပြီးတော့မှ စျေးနှုန်းသက်သက်သာသာနဲ့ ရောင်းချပေးဖို့ လုပ်ထားတာမျိုးလည်း ရှိတယ်ပေါ့နော။”လို့ ခူးပလုရယ်က ပြောပါတယ်။

လုံခြုံရေးအရ နွေစပါးစိုက်ပျိုးနိုင်တဲ့ နေရာဒေသတွေက တောင်သူတွေကို ‌ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ကရင်နီပြည်က ဒေသခံတောင်သူတွေဟာ စိုက်ပျိုးရေးကို အဓိကအသက်မွေးဝမ်းကျောင်းပြုတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့ နောက်မှာတော့ မြို့နယ်အသီးသီးက ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာထွက်ပြေးကြရပြီး စိုက်ပျိုးရေးကိုလည်း လုံခြုံရေး အနေထားအရ တချို့နေရာတွေမှာပဲ စိုက်ပျိုးနိုင်တော့တာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ရာဂီမုန်တိုင်းအရှိန်ကြောင့် စိုက်ပျိုးထားတဲ့ သီးနှံစိုက်ခင်းဧက သောင်းနဲ့ချီ ပျက်စီးသွားခဲ့တာကြောင့် ပြည်နယ်တွင်း စားနပ်ရိက္ခာပြတ်လပ်မှု နဲ့မကြုံအောင် စိုက်ပျိုးလို့ရနိုင်တဲ့ အနေအထားကို ပြန်လည်ဖန်တီးဖို့လိုတယ်လို့လည်း ခူးပလုရယ်က ဆက်ပြောပါတယ်။

လက်ရှိကာလမှာ စိုက်ပျိုးရေးသုံး မြေသြဇာ ဈေးနှုန်းလည်း အဆမတန် မြင့်တက်လာပါတယ်။ စိုက်ပျိုးရေးအတွက် ကုန်ကျစရိတ်သက်သာပြီး သီးနှံဖြစ်ထွန်းအောင် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာလည်း လိုအပ်နေဆဲဖြစ်တယ်လို့ ဒေသခံ တောင်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“သင်တန်းပို့ချပေးတဲ့ အဖွဲ့အစည်းပေါ့နော။ သင်တန်းလာပေးမယ်ဆိုလို့ရှိရင် သူတို့ (ဒေသခံတောင်သူ) ကိုယ်တိုင်လည်း ကုန်ကျစရိတ်လည်းသက်သာမယ်။ ကောင်းကောင်းလည်းဖြစ်ထွန်းမယ်လို့ အစ်မထင်တယ်”လို့ သူက ပြောပါတယ်။

ကရင်နီပြည်က လွိုင်ကော်၊ ဒီးမော့ဆို၊ နန်းမယ်ခုံ မြို့နယ်တို့မှာ စပါးစိုက်ပျိုးမှု အများဆုံးရှိတဲ့ ဒေသတွေ ဖြစ်ပါတယ်။ IEC ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်‌ရေးဌာနကလည်း ၂၀၂၅ ခုနှစ်အတွက် မြို့နယ်အလိုက် စားနပ်ရိက္ခာဖူလုံရေး အစီအမံချမှတ် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

သဘာဝတွင်းအားစု ပြုလုပ်နည်း သင်တန်းတွေပေးတာ၊ ကုန်ကြမ်းသီးနှံတွေကို တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် အကောင်အထည်ဖော်တာ၊ စိုက်နည်းပညာတွေပံ့ပိုးတာ၊ သီးနှံတွေကို စျေးကွက်ဖန်တီးပေးတာ၊ မျိုးစိုက်စနစ် သီးနှံပုံစံချမှတ်ပေးတာ အပြင် သီးနှံစံပြကွက်တွေမှာ ‌တောင်သူတွေကိုယ်တိုင် ပူးပေါင်းပါဝင်လာအောင် ဆောင်ရွက်ပြီး နည်းပညာပြန့်ပွားရေး ဆောင်ရွက်တာနဲ့၊ တောင်သူတွေ ဝင်ငွေတိုးပွားစေရေးအတွက် ဈေးကွက်ဝင်သီးနှံတွေကို စိုက်ပျိုးနိုင်ရေးအတွက် ကူညီဆောင်ရွက်သွားတာ စတဲ့အချက် အပါအဝင် အစီအမံ (၁၂) ချက်ကို ချမှတ်ထားတယ်လို့ IEC က ပြောပါတယ်။

spot_img
spot_img

Recent posts