KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်၊ (ကြာသပတေးနေ့ )
ဒီကနေ့ နားဆင်ရမှာကတော့
– ဘောလခဲကို တစ်ရက်အတွင်း စစ်ကောင်စီ ဗုံးအလုံးရေ (၂၀) ကျော် ကြဲချ
– တစ်နှစ်အတွင်း IEC အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနကို တိုင်ကြားလာတဲ့ အမှုပေါင်း ၄၀ ကျော်ရှိပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်တဲ့အမှု အများဆုံးဖြစ်
– ရှမ်းတောင်မှာ ကရင်နီ စစ်ဘေးရှောင် ၄၀၀၀၀ ကျော် အတွက် အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ကူညီသူတွေပြော
– လွိုင်ကော်တက္ကသိုလ် အမြန်ဆုံးဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီပြော
စတဲ့သတင်းတွေနဲ့ မိုးလေဝါသ သတင်း။
– “စစ်ရှောင်ပြည်သူတွေရဲ့ သွေးနဲ့ ရောတဲ့ မျက်ရည်” ဆိုတဲ့ ဆောင်းပါးအပါအဝင်…..
အပတ်စဉ်ကြာသပတေးနေ့မှာ တင်ဆက်ပေးနေတဲ့ တွေ့ဆုံမေးမြန်းခြင်းအစီအစဉ်ကနေပြီး “ လေကြောင်းတိုက်ခိုက်မှု မကြာခဏ ကြုံတွေ့နေရတဲ့ ဒေသခံ၊ စစ်ဘေးရှောင်တွေရဲ့ စိုးရိမ်ပူပန်မှု နဲ့ အခက်အခဲ” တွေကို နားဆင်ကြရမှာဖြစ်ပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.8 mhz ထုတ်လွှင့်ပေးနေပါတယ်။