spot_imgspot_imgspot_imgspot_img
Thursday, March 13, 2025
spot_imgspot_imgspot_imgspot_img

မော်ချီးဒေသမှာ လေကြောင်းရန် ကာကွယ်ဖို့ ဗုံးခိုကျင်း မဖြစ်မနေ တူးထားဖို့ KNSO တိုက်တွန်း

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ စစ်ကောင်စီရဲ့ လေကြောင်းရန်ကို ကာကွယ်နိုင်ရေးအတွက် ဗုံးခိုကျင်း မဖြစ်မနေ တူးထားဖို့ နဲ့ လုံခြုံရေး သတိဝိရိယရှိကြဖို့ ကို ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ – KNSO (ကြယ်ဖြူ)က တိုက်တွန်းထားပါတယ်။

“ဗုံးခိုကျင်းက မဖြစ်မနေလုပ်ရမယ်ဆိုတာ အကြိမ်ကြိမ်လည်း နိုးဆော်ထားပါတယ်။ စာလည်းဖြန့်ထားပါတယ်။ ဒါပေမယ့် လူတွေက မလုပ်လောက်ပါဘူး မဖြစ်လောက်ပါဘူးဆိုပြီး ပေါ့တာပေါ့။ တကယ့်တကယ် ဖြစ်လာတဲ့အချိန် ဘယ်သူမှမကယ်နိုင်ဖြစ်တာပေါ့။”လို့ KNSO အတွင်းရေးမှူး စောသက်စံ က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က မော်ချီးအဝင် အမှတ် (၂) ဂိတ် အနီး၀န်းကျင်ကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံး ၂ လုံး တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုမှာ အရပ်သားနှစ်ဦး ထိခိုက်သေဆုံးခဲ့တဲ့အပြင် တပ်ဖွဲ့ဝင်တချို့လည်း ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်ပြီးတဲ့နောက်မှာတော့ မတ်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ မော်ချီးဒေသမှာရှိတဲ့ ဗျူဟာ ၊ တပ်ရင်း ၊ တပ်ခွဲ၊ ဒေသခံပြည်သူ၊ စစ်ဘေးရှောင်အားလုံးကို လေကြောင်းရန်ကနေ သတိထား ကာကွယ်နိုင်ဖို့အတွက် လိုက်နာဆောင်ရွက်ရမယ့် အချက် ၉ ချက်ကို ထုတ်ပြန်ထားပါတယ်။

သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ ၊ မိဘပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေကို တူးထားဖို့ ၊ အကြောင်းမဲ့ ခရီးသွားလာခြင်းမပြုလုပ်ကြဖို့ ၊ အရေးပေါ်ကိစ္စရပ်ကြောင့် သွားလာလိုပါက သက်ဆိုင်ရာကို အကြောင်းကြားပြီးမှသာ သွားလာရန်၊ လူစုလူဝေး မပြုလုပ်ဖို့၊ သာရေးနာရေးကိစ္စတွေမှာ လူစုလူဝေးဖြင့် စုစည်းမနေထိုင်ကြဖို့ ၊ အရေးပေါ် တုန့်ပြန်ချက်ကို လိုက်နာကြဖို့ အသိပေးထားပါတယ်။ ဒ့ါအပြင် တပ်ရင်း၊ တပ်ဖွဲ့တွေအနေနဲ့ တာဝန်ဖြင့် သွားလာပါက ယူနီဖောင်းဝတ်ဆင်ကြဖို့ နဲ့ တာဝန်မဟုတ်ပါက ယူနီဖောင်း ၊ သေနတ် ယူဆောင်ခွင့်မပြုဘူးလို့ ဆိုထားပါတယ်။

လေကြောင်းရန် အသိပေးမှုကို ဒေသခံပြည်သူတွေအနေနဲ့ လိုက်နာကြဖို့ကိုလည်း အခုလို တိုက်တွန်းပြောဆိုထားပါတယ်။

“မော်ချီးဒေသကသူတွေ ညောင်သီးလည်းစား၊ လေးသံလည်း နားစွင့် ဆိုတဲ့ပုံစံပေါ့။ မဖြစ်နေ သွားလာရမယ်၊ လုပ်ရကိုင်ရမယ်ဆို လုပ် ဒါပေမယ့် လေယာဉ်သံကြားရင် ကရုစိုက်ဖို့လိုမယ်။ ဒီမှာက မီးစက်နိုးသံတွေရှိတယ် အဲ့ဒီအသံကြောင့် ဘားမှမကြားတာလည်းရှိနိုင်တယ်။ နောက်ပြီး ချိတ်ဆက်မှုတွေလုပ်ဖို့။ ပြည်သူတွေလည်း လိုက်နာဆောင်ရွက်ဖို့လိုတယ်။” လို့ KNSO အတွင်းရေးမှူး စောသက်စံ က ပြောဆိုထားပါတယ်။

ယခုဖေဖော်ဝါရီလအတွင်း စစ်ကောင်စီက ကရင်နီပြည် ဒီးမော့ဆို၊ ဖားဆောင်းမြို့နယ် အတွင်းကို လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ခန့်ရှိပြီး အရပ်သားနှစ်ဦး သေဆုံးခဲ့သလို ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

spot_img
spot_img
spot_img

Recent posts