spot_imgspot_imgspot_imgspot_img
Friday, December 27, 2024
spot_imgspot_imgspot_imgspot_img

အခြေခံဆရာအတတ်ပညာ တစ်နှစ်သင်တန်း ကို တက်ရောက်ပြီးစီးသူ ၅၇ ဦးရှိ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီကြားကာလပညာရေးဌာနက၊ ပညာရေး ဒီဂရီကောလိပ် အပတ်စဉ် (၁ ) ကို ဖွင့်လှစ်ခဲ့ပြီး ကရင်နီဒေသအသီးသီးက အခြေခံပညာရေးသင်ကြားရေးမှာ အထောက်အကူပြုနိုင်မယ့် အခြေခံဆရာအတတ်ပညာ တစ်နှစ်သင်တန်းကို တက်ရောက်ပြီးစီးသူ ၅၇ ဦး ရှိတယ်လို့ သိရပါတယ်။

တက်ရောက်ပြီးစီးသူတွေဟာ အခြေခံပညာသင်ကြားရေးမှာ ၂နှစ်တာ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။

“ကျမတို့ ကျောင်းမှာ တစ်နှစ်ပညာသင်ယူပြီးသွားရင် သူတို့က လုပ်အားပေးအနေနဲ့ပေါ့နော်၊ Volunteer ဆရာ၊ဆရာမအနေနဲ့ ၂ နှစ်သွားပြီး တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ” လို့ ကရင်နီပညာရေးဒီဂရီကောလိပ် မှ ကျောင်းအုပ် ဒေါ်ဝေမီက ဆိုပါတယ်။

ဒီကနေ့ ဇူလိုင်လ ၂၇ ရက်နေ့မှာတော့ အပတ်စဉ် ( ၁) အခြေခံဆရာအတတ်ပညာ တစ်နှစ်သင်တန်း(ပညာရေးဘွဲ့-ပထမနှစ်သင်တန်း)ဆင်းပွဲကို ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်တစ်နေရာမှာ ပြုလုပ်သွားခဲ့ပါတယ်။

“သူတို့အတွက်ကိုလည်း တိုက်ပွဲမဝင်ခင်ပေါ့နော်။ ကျမတို့အနေနဲ့ သူတို့ကို ဒီအခမ်းအနားကိုဂုဏ်ပြုပြီး ဒီအစီအစဥ်လေးကိုကျင်းပပေးခြင်းဖြစ်ပါတယ်။” လို့ ဒေါ်ဝေမီက ဆက်ပြောပါတယ်။

ကရင်နီပညာရေးအဖွဲ့ မှ ကရင်နီပညာရေးဒီဂရီကောလိပ် ကို ပြီးခဲ့တဲ့၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ကျောင်းသူ၊ သား ၆၀ ဦး နဲ့ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

တစ်နှစ်တာ ပညာသင်နှစ်ကို ပြီးမြောက်သွားတဲ့ ကျောင်းသူတစ်ဦးကတော့ ကျရာတာဝန်ကို ထမ်းဆောင်သွားမယ်လို့ အခုလို ပြောပါတယ်။

“ကျမတို့က တစ်နှစ်တက်ပြီးပြီဆို ၂ နှစ်ကို intern ဝင်ရမယ်။ ကျမက မော်ချီးဘက် သွားတာဝန်ထမ်းဆောင်ရမယ့် စာရင်းထဲပါတာပေါ့ ။ ဒီကျောင်း ဒုတိယနှစ်ဆက်ဖွင့်မယ်ဆိုရင် ဒုတိယနှစ်ကို ဆက် join ဖို့ရှိမယ်ပေါ့။ ဆက်ဖွင့်ဖို့မရှိဘူးဆိုရင် ကျမက online ပေါ်ကဖွင့်တဲ့သင်တန်းတွေ ဆက်တက်မယ်။”လို့ သူက ဆိုပါတယ်။

ဒီကနေ့ မှာ ပြုလုပ်သွားတဲ့ လက်မှတ်အပ်နှင်းခြင်းအခမ်းအနားကို KEC မှတာဝန်ရှိသူများ၊ ပညာရေးဘုတ်အဖွဲ့ဝင်များ၊ အခြေခံဆရာများသမဂ္ဂ များ၊ အခြားပညာရေးအဖွဲ့အစည်းများမှ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ ကရင်နီပညာရေးဒီဂရီကောလိပ်ရဲ့ အပတ်စဥ် (၁)ကို တက်ရောက်ပြီးစီးခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသား ၅၇ ဦးကို သင်တန်းဆင်း လက်မှတ်အပ်နှင်းပေးခဲ့တာဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts