spot_imgspot_imgspot_imgspot_img
Wednesday, February 5, 2025
spot_imgspot_imgspot_imgspot_img

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီက အကျဥ်းသား ၅၈၆၄ ဦးကို လွတ်ငြိမ်းခွင့်ပေး ၊ ကနဦးစာရင်းအရ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးပါဝင်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ဇန်နဝါရီ ၄ရက်နေ့မှာ ကျရောက်တဲ့ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဥ်းထောင်၊ အချုပ်ထောင် အသီးသီးမှာရှိတဲ့ အကျဥ်းသား ပေါင်း ၅၈၆၄ဦး ကို လွတ်ငြိမ်းခွင့်ပေးတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာထားပါတယ်။

လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့ အကျဥ်းသားတွေဟာ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ရင် ယခင်ကျခံရမဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်လို့ ဆိုထားပါတယ်။

ထောင်ဒဏ်တစ်သက် ကျခံနေရသူ အကျဉ်းသား၊ အကျဉ်းသူ ၁၄၄ ဦးကိုလည်း ထောင်ဒဏ်တသက်မှ ထောင်ဒဏ် ၁၅ နှစ်သို့ လျော့ပေါ့ပြောင်းလဲပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်းနဲ့ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၈၀ ကိုလည်း နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးကြောင်း အသိပေးပါတယ်။

ဒါ့အပြင် အကြမ်းဖက်တိုက်ဖျက်ရေး၊ မတရားအသင်းဆက်သွယ်မှု၊ လက်နက်များအက်ဥပဒေ၊ အဂတိလိုက်စားမှု၊ မူးယစ်ဆေးဝါးမှု၊ လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ စတဲ့ အမှုတွေနဲ့ ပြစ်ဒဏ်ကျခံနေသူတွေကလွဲပြီး အခြားသော အမှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေကို ကျခံနေရတဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံ တစ်ပုံကို လျှော့လိုက်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်ထဲမှာ အကျဉ်းထောင် ၅ ခုက နိုင်ငံရေးအကျဉ်းသား (၃၇)ဦး ကနဦးစာရင်းအရ ပြန်လည်လွတ်မြောက်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်လာပါတယ်။ PPNM ရဲ့ ကနဦးစာရင်းအရ နိုင်ငံရေးအကျဉ်းသား အမျိုးသား (၂၀) ဦး ၊ အမျိုးသား (၁၇) ဦး သာ ပြန်လည်လွတ်မြောက်လာသေးတယ်လို့ ဆိုထားပါတယ်။ ကျန်ရှိနေဆဲ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသား လွတ်မြောက်လာမှုကို ထပ်မံတင်ပြပေးသွားမယ်လို့ PPNM က အသိပေးထားပါတယ်။

လွတ်ငြိမ်းခွင့်ရတဲ့ အကျဉ်းသား ၅၈၆၄ အနက် ကရင်နီပြည် ၊ လွိုင်ကော်အကျဉ်းထောင်က လွတ်မြောက်လာတဲ့ အကျဉ်းသားဦးရေ စာရင်းကိုတော့ မသိရှိရသေးပါဘူး။

spot_img
spot_img
spot_img

Recent posts