spot_imgspot_imgspot_imgspot_img
Thursday, March 13, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ စစ်ရှောင်တွေအတွက် အနွေးထည်၊ စောင်အရေးပေါ်လိုအပ်နေ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ယခုရက်ပိုင်းအတွင်း အအေးပိုလာနေပြီး စစ်ရှောင်တွေဟာ အနွေးထည်နဲ့ စောင်တွေကို အရေးပေါ်လိုအပ်နေတယ်လို့ ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်း စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကော်မတီ ထံကနေ သိရှိရပါတယ်။

လတ်တလော ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာလည်း စစ်ရှောင်အသစ် ထပ်မံရောက်ရှိလာတာရှိတဲ့အတွက် စစ်ရှောင်တွေအတွက် အရေးကြီးလိုအပ်နေတယ်လို့ ၎င်းတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ယမန်နေ့(နိုဝင်ဘာလ ၂၄ရက်) က ဖော်ပြထားပါတယ်။

“ စစ်ဘေးရှောင်တွေ အထူးသဖြင့် အသစ်ထပ်ရောက်လာတဲ့အဖွဲ့တွေထဲမှာ ဒီဘက်ကရာသီဥတုကိုမသိကြတဲ့သူတွေလည်း တော်တော်များများပါပါတယ်။အဝတ်တစ်ထည် အထုပ်ကလေးတစ်ထုပ်နဲ့ပဲ ပြေးလာတဲ့သူတွေလည်း ပါသေးတယ်။ ပုံမှာတွေ့ တဲ့အတိုင်းပဲ ကရင်နီတစ်ပြည်လုံးမှာ အအေးဆုံးနေရာလို့တောင် ပြောလို့ရတဲ့နေရာကိုပြောင်းလာကြတဲ့
စစ်ဘေးရှောင်တွေ အနွေးဓာတ်ရဖို့ အနွေးထည်နဲ့ စောင်တွေ အရေးတကြီးလိုအပ်ပါတယ်။ “ လို့ ရေးသားဖော်ပြထားပါတယ်။

ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာဆိုရင် တခြားနေရာဒေသတွေထက် အအေးပိုလေ့ရှိပြီး ယခင်နှစ် တွေမှာ နှင်းခဲတာတွေလည်း ဖြစ်ပေါ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်အတွင်း ဇန်နဝါရီ လပိုင်းလောက်မှာ ဆီးနှင်းခဲမှု ဖြစ်ပေါ်တာရှိခဲ့ပါတယ်။

အဲ့ဒီအတွက် စစ်ရှောင်တွေကို ကူညီပေးကြဖို့ တောင်းဆိုထားပါတယ်။ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ စစ်ရှောင်ဦးရေ ခြောက်ထောင် ရှိနေပြီး အသစ်ထပ်မံရောက်ရှိတဲ့ စစ်ရှောင်ဦးရေကိုတော့ အတိကျ မသိရသေးဘူးလို့ ဆိုပါတယ်။

spot_img
spot_img