KT-FM ကရင်နီဘာသာ အစီအစဉ် ဖေဖော်ဝါရီလ ( ၁၆) ရက်၊ ၂၀၂၅ ခုနှစ် (တနင်္ဂနွေနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ထိုင်း – ကရင်နီနယ်စပ်က နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်စခန်းကို KA သိမ်းပိုက်
– ဒီးမော့ဆိုမြို့တစ်နေရာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံ နဲ့ စာသင်ကျောင်းပျက်စီး
– မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပြိုပျက်သွားတဲ့လမ်းမကြီးကို ကိုယ်ထူကိုယ်ထပြုပြင်နေပြီး အကူအညီလိုအပ်နေ
– ဖရူဆိုမှာ ၁၀ နာရီကျော်ကြာ တောမီးလောင်မှုကြောင့် ဒေသခံတွေ စိုးရိမ်
– ညောင်ရွှေမြို့နယ်၊ တောင်ပို့ကွဲကျေးရွာမှာ လက်နက်ကြီးထိမှန်ပြီး ၁၀နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံး ဆိုတဲ့သတင်းနဲ့ “ မတရားမှုက မွေးထုတ်ပေးခဲ့တဲ့ မတရားမှုကို တော်လှန်သူ “ရဲဘော်အောင်ငဲ” ဆိုတဲ့ ဆောင်းပါးနဲ့ အတူ “ခေတ်ပျက်ကြီးအတွင်း မလိုချင်သေးဘဲ ရလာတဲ့ကိုယ်ဝန်တွေ” ဆိုတဲ့အမျိုးသမီးကဏ္ဍနဲ့အတူ ကယန်းဘာသာအစီစဉ်၊ ကရင်နီ သီချင်းကောင်းလေးများ၊ နောက်ဆုံးရသတင်းများကိုပါ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို ညနေ ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်း-ကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။