spot_imgspot_imgspot_imgspot_img
Wednesday, October 16, 2024
spot_imgspot_imgspot_imgspot_img

ထူးချောင်းပင်မစခန်းကို ထပ်မံ ဝင်ရောက်တိုက်ခိုက်၊ ဆန်နဲ့ ပစ္စည်းတချို့သိမ်းဆည်းရမိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဘောလခဲနဲ့ ဖားဆောင်းမြို့နယ် အကြားမှာရှိတဲ့ စစ်ကောင်စီရဲ့ ထူးချောင်းတပ်စခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက် ပင်မစခန်းကို ထပ်မံ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၄ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းအတွင်း ကျန်ရှိနေတဲ့ ဆန်ရိက္ခာတွေကို သေဆုံးသွားတဲ့ တပ်သားတွေရဲ့ အလောင်းတွေပေါ်ကို ဖြန့်ကြဲထားပြီး ဖျက်ဆီးထားတာ တွေ့ရှိရတယ်လို့ ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း (မ်) ကို‌ပြောပါတယ်။

“ထူးချောင်းတပ်စခန်းကုန်းသိမ်းပြီး ပင်မစခန်း တစ်ခါထပ်သွားရှင်းတယ်။ ဆန်၂အိတ်နဲ့ ပစ္စည်း အသေးစားတွေရတယ်။ အလောင်းနဲ့ ဆန်အချို့ မြုပ်တယ်ထင်တယ်။ လောက်တွေတောင်ထွက် အနံ့လဲပြင်း။ သူတို့ဆုတ်ထွက်ပြေးတော့ ကျန်တဲ့ ဆန်တချို့ကို သူတို့အလာင်းထဲ ပစ်ထည့်တာဖြစ်မယ်လေ” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေက ကျန်ရစ်တဲ့ အလောင်းကို ဆန်နဲ့ မြုပ်နှံခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ရက်နေ့မှာ သိမ်းပိုက်ရရှိထားတဲ့ ထူးချောင်းတပ်စခန်းအတွင်းမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေ လက်နက်ခဲယမ်း သိမ်းဆည်းရမိထားပါတယ်။

ဖားဆောင်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ (၁၃၄) နဲ့ (၁၃၅) အခြေစိုက်တပ်နှစ်ခုကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်နေတာ ၈လဝန်းကျင် ကြာမြှင့်နေပြီဖြစ်ပြီး ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆက်ပြောပါတယ်။

“ရန်သူကတော့ ဖားဆောင်းမှာရှိဦးမှာပေါ့။ တိုက်လည်းတိုက်နေတယ်။ အခြေအနေပေါ်မူတည်ပြီး အလုပ်လုပ်သွားမယ်”လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုပါတယ်။

ဘောလခဲခရိုင်အတွင်းမှာ အရေးပါတဲ့ စစ်ကောင်စီစခန်းကုန်းတွေဖြစ်တဲ့ မယ်စလောင်းတောင်စခန်း၊ ရေကျော်စခန်း၊ ထူးချောင်းစခန်း နဲ့ ပင်မစခန်းကို ၂၀၂၄ ခုနှစ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားပါတယ်။

spot_img
spot_img

Recent posts