spot_imgspot_imgspot_imgspot_img
Wednesday, October 16, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲရှိ ကိုယ်ထူကိုယ်ထစာသင်ကျောင်းတခုမှာ ကျောင်းဆရာ၊ ဆရာမတွေအတွက် ထောက်ပံ့ကြေးပေးဖို့ အခက်အခဲရှိနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီ-ရှမ်းပြည် နယ်စပ်က မိုးဗြဲ စစ်ဘေးရှောင်စခန်းတစ်ခုရဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းမှာ သင်ကြားပေးနေတဲ့ ကျောင်းဆရာ၊ ဆရာမနဲ့ စေတနာ့ဝန်ထမ်းတွေအတွက် ထောက်ပံ့ကြေး ပံ့ပိုးနိုင်ဖို့ အခက်အခဲရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတစ်ဦီးက ပြောပါတယ်။

အဆိုပါ ကျောင်းမှာ ဆရာ၊ ဆရာမတွေ ထောက်ပံ့ကြေးရဖို့အတွက် ကျောင်းသားမိဘဆီကနေ ကောက်ခံရတယ်လို့ ဆိုပါတယ်။

“ဒီကိုယ်ထူကိုယ်ထ ကျောင်းကို ဖွင့်ထားတာပေါ့နော်။ ကျနော်တို့ တစ်လတစ်လ ပေးရတဲ့ စေတနာ့ ဝန်ထမ်းတွေရဲ့ လစာတော့ အခက်အခဲရှိတာပေါ့။ အဲ့ဒီအတွက်လည်း လက်ရှိ ရှိနေတဲ့ ကာလတော့ ကျောင်း ဆရာ၊ ဆရာမ အတွက်ဆိုပြီးတော့ မိဘဆီကနေ ကောက်ထားတာရှိတာပေါ့” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ရှောင်စာသင်ကျောင်းမှာ KG တန်းကနေ ၅ တန်း အထိ ရှိနေပြီး ကျောင်းသား၊ ကျောင်းသူ (၈၀) ကျော်ကို ကျောင်းဆရာ၊ ဆရာမ ၆ ဦး နဲ့ သင်ကြားပေးနေပါတယ်။

လစဉ် ကျောင်းဆရာ၊ ဆရာမတွေကို ထောက်ပံ့ကြေးပေးနိုင်ဖို့အတွက် ကျောင်းသားမိဘဆီကနေ တောင်းခံရတာကြောင့် ရေရှည်မှာ ကူညီပေးနိုင်မယ့် အလှူရှင်အဖွဲ့အစည်းတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

spot_img
spot_img

Recent posts