spot_imgspot_imgspot_imgspot_img
Tuesday, February 4, 2025
spot_imgspot_imgspot_imgspot_img

ရှမ်းတောင်က မြို့နယ်နဲ့ ကျေးရွာတချို့မှာ တစ်လအတွင်း စစ်ကောင်စီ လက်နက်ကြီးအကြိမ်ရေ ၅၄ ကြိမ်ပစ်ခတ်မှုရှိ၊ ပြည်သူ ၃ ဦးထိခိုက်သေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်နဲ့ ကျေးရွာတချို့တွေမှာ စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ်(PNA)တို့ တစ်လအတွင်း လက်နက်ကြီးအကြိမ်ရေ ၅၄ ကြိမ် ပစ်ခတ်မှုရှိခဲ့ပြီး ပြည်သူ ၃ဦးထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ အင်းလေးဒေသလူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“အကြိမ်ရေ အားလုံးက ၅၄ ကြိမ်ပေါ့နော်။ ရေပူကျေးရွာမှာက ၄၇ ကြိမ်ရှိတယ်။ ဘုရားတောင်မှာက ၃ကြိမ် နန်းတုတ်ကျေးရွာမှာက ၄ ကြိမ်ပေါ့နော်။ ဒဏ်ရာရရှိတဲ့ ၁၄ ဦးကတော့ အမည်စာရင်းအသေးစိတ်အခုထိ မရသေးလို့ပါ။” လို့ သူကဆိုပါတယ်။

လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးသူ အသက် ၆နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအပါအဝင် အမျိုးသားနှစ်ဦး စုစုပေါင်း ၃ ဦးရှိတယ်လို့ ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူ ၁၄ ဦးရဲ့ အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အင်းလေး ဒေသလူ့အခွင့်အရေးလှုပ်ရှားရေးအဖွဲ့က လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့ ကျေးရွာနဲ့ မြို့နယ်တချို့မှာ လက်လှမ်းမီကောက်ယူထားတဲ့ ညောင်ရွှေမြို့နယ် ၊ အင်းလေးဒေသ နဲ့ ပင်လောင်းမြို့နယ် ၊ နန်းတုတ် ကျေးရွာတွေဖြစ်တယ်လို့ ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့မှာလည်း စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် PNA တပ်ဟာ ဖယ်ခုံမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ နန်းတောင်း၊ မိုးဦးကျေးရွာကနေ ရေပူကျေးရွာဖက်ကို လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ရွာအရှေ့ဖက် ၁၉ လုံးကျရောက်ခဲ့ပြီး ကျေးရွာအတွင်း ၃လုံးကျရောက်ပေါက်ကွဲခဲ့ပါတယ်။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် တစ်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – HRIR

တစ်လအတွင်း ‌ညောင်ရွှေမြို့နယ် ရေပူကျေးရွာအတွင်း လက်နက်ကြီး ကျရောက်မှု အများဆုံးရှိခဲ့ပြီး တိုက်ပွဲတစုံတရာဖြစ်ပွားခြင်းမရှိသလို အိမ်ခြေ ၈၀ ဝန်းကျင်ရှိတဲ့ ကျေးရွာဖြစ်တယ်လို့ အင်းလေးဒေသလူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။ လက်နက်ကြီးမကြာခဏ ကျရောက်တာကြောင့် ကျေးရွာခံတွေဟာ တခြားနေရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts