spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

TAG

ပညာရေး

ဘီယာကျေးရွာ စာသင်ကျောင်းဆောင်အလုံအလောက်မရှိသေး

ဖရူမြို့နယ် အနောက်ဘက်ခြမ်း ဘီယာကျေးရွာမှာရှိတဲ့ နှစ်စဉ်ပျှမ်းမျှကျောင်းသား/ သူ ပေါင်း ၄၀၀ နီးပါးရှိပြီး စာသင်ခန်း ၃ ခန်းသာရှိတဲ့အတွက် စာသင်တဲ့အချိန်မှာ အခက်အခဲဖြစ်တယ်လို့ ဘီယာကျေးရွာ ဆယ်အိမ်မှူး ဦးဂျိုဝါးနီ ကပြောပါတယ်။ ဘီယာကျေးရွာက မူလွန်ကျောင်းဖြစ်ပေမယ့် သတ္တမတန်းအထိ ဖွင့်ထားတဲ့အတွက် စာသင်ခန်းတစ်ခန်းကို ၃ ခန်းဖွဲ့ပြီးသင်ခဲ့ရတယ်လို့် ပြောပါတယ်။ ဒါ့အပြင်...

ကျေးလက်ပညာရေ းကြပ်မတ်ဖို့လိုတယ်လို့ ကိုယ်စားလှယ်လောင်းပြော

ကရင်နီသူ ကျေးလက်ဒေသတွေမှာ ပညာရေးနဲ့ပတ်သက်လို့မြို့ပြတွေနဲ့ အရမ်းကွာဟနေသေးတာကြောင့် အနိုင်ရလာခဲ့ရင် ပုဂ္ဂလိကကျောင်းတွေနဲ့ဒေသတွင်း ပညာရေးအသုံးစာရိတ်တွေကို မြှင့်တင်ပေးဖို့တောင်းဆိုမှုတွေပြုလုပ်မယ်လို့လက်ရှိ KySDPပါ တီက အရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောတယ်ခဲက ပြောပါတယ်။ ″ကျေးလက်ပညာရေးနဲ့မြို့ပြပညာရေး။ ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာလမ်းတွေမပေါက်ဘူး၊ ပြီးရင်ကိုယ်ထူကိုယ်ထပဲ ထူထောင်နေရတယ်အဲ့လိုရှိတယ်ပေါ့။ အဲ့ဒီဒေသကကျောင်းသားလေးတွေလည်းအစိုးရကျောင်းတွေကို ဝင်လာတဲ့အခါမှာ၊ပြောင်းရွှေ့လာတဲ့အခါမှာ၊ ကူးပြောင်းလာတဲ့အခါမှာအဆင်ပြေပြေလွယ်လွယ်ကူကူနဲ့ ပြောင်းရွှေ့ပညာသင်ကြားနိုင်ဖို့ လိုအပ်တယ်ပေါ့နော။ ကျနော်ကြိုးစားချင်တယ်။ အကယ်၍ပြည်နယ်မှာကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်လို့ရရင်ရ၊...

မက်ခွင့်မရသေးတဲ့အိပ်မက် နှင့် ၃ ဘာသာ ဂုဏ်ထူးရှင်

စိုးထိုက်အောင်/အန်ထော်နီ အင်မတန် ချို့တဲ့တဲ့ မိသားစုကနေ ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်ရင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူး ၃ ဘာသာနဲ့ အောင်မြင်ပြီး ဆေးကျောင်းတက်ဖို့အထိ ကြိုးစားနိုင်ခဲ့တဲ့ မချိုဇင်ငြိမ်းက မျက်နှာပေါ်မှာ စီးကျနေတဲ့ မျက်ရည်တွေကို သုပ်ရင်း သူ့ရဲ့ ဘဝအကြောင်းကို ပြောပြ နေပါတယ်။ “အဆင်မပြေလောက်ဘူး အိမ်မှာလည်း...

“နိုင်ငံခြားဘာသာ တက္ကသိုလ်တက်ဖို့ကြိုးစားနေသူ”

စိုးထိုက်အောင် ကယားတစ်ပြည်နယ်လုံး တက္ကသိုလ်ဝန်တန်းစာမေးပွဲကို ဒုတိယအဆင့် အောင်မြင်ဖြေဆိုခဲ့သူ မတွယ်တာနိုင်ကတော့ သူမ ဝါဿနာပါတဲ့ နိုင်ငံခြားဘာသာတက္ကသိုလ်ကို တက်ဖို့ စိတ်ကူးထားပြီးဖြစ်ပါတယ်။ “ ဝါသနာပါတဲ့ ဘာသာစကားပဲ ဆက်လုပ်ဖို့စဉ်းစားထားပါတယ်။ နိုင်ငံခြားဘာသာတက္ကသိုလ်လျှောက်ဖို့စီစဉ်ထားပါတယ်။” သူမကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာ၊ သင်္ချာ၊ ဓာတု၊ ဇီ၀ ဘာသာရပ်တွေမှာဂုဏ်ထူးရရှိခဲ့ပြီး အမှတ်ပေါင်း ၄၆၉မှတ်နဲ့ပြည်နယ်မှာ ဒုတိယအမှတ်အများဆုံး ဖြစ်တယ်လို့...

မယ်စဲ့မြို့နယ်မှာ ဆရာ၊ဆရာမ မလုံလောက်မှုကြောင့် ဒသမတန်း သိပ္ပံတွဲကို မသင်ကြားနိုင်

အန်ထော်နီ ဆရာ/မ မလုံလောက်မှုကြောင့် မယ်စဲ့မြို့နယ်ရှိ အထက်တန်းကျောင်း ဒသမတန်းတွင် သိပ္ပံတွဲ ဘာသာရပ်တွေကိုမသင်ကြားနိုင်ဘူးလို့သိရပါတယ်။ မယ်စဲ့မြို့နယ်ထဲက ဟိုစဲ့ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းမှာ အထက်တန်းတက်ရောက်နေတဲ့ ကျောင်းသူ/ကျောင်းသား ၁၀၀ ကျော်ရှိပြီး အထက်တန်းသင်ကြားပေးတဲ့ ဆရာ/မ ၆ ဦးသာရှိတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက သိပ္ပံအတွဲယူတဲ့ ကျောင်းသား/သူ နှစ်ဦးရှိပေမယ့် ဒီနှစ်မှာ သင်ကြားပေးမယ့် ဆရာ၊ဆရာမ...

အခြေခံပညာကျောင်းတွေမှာ ကျောင်းဖွင့်နိုင်ဖို့ ကျောင်းသားမိဘတွေ ကိုယ်ထူကိုယ်ထကြိုးစားနေ

အန်ထော်နီ ကိုရိုနာဗိုင်းရပ်(စ်) ထိန်းချုပ်ကာကွယ်နေတဲ့ကာလအတွင်းမှာ အခြေခံပညာကျောင်းတွေဖွင့်နိုင်ဖို့ သတ်မှတ်ထားတဲ့ ကာကွယ်တားဆီးရေး လုပ်ငန်းတွေ အဆင့်(A) ရရှိဖို့ ကျောင်းသားမိဘတွေ ကိုယ်ထူကိုယ်ထကြိုးစားနေကြပါတယ်။ ယခုအချိန်မှာ covid – 19 ကာလဖြစ်သည်နှင့်အညီ အထက်တန်းကျောင်းတွေ ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး အဆင့် A ရှိမှသာကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ ခွင့်ပြုထားတဲ့အတွက် ကျောင်းမှာလိုအပ်တာတွေကို ကျောင်းသားမိဘတွေက ဝိုင်းဝန်းဖြည့်ဆည်းပေးနေကြရတာပါ။ ဒီးမော့ဆိုမြို့နယ်...

ကယန်းဒေသတွင်း အစိုးရဆရာ/မ မလုံလောက်တဲ့ ကျောင်းတွေမှာ စေတနာ့ဝန်ထမ်း (၈၀) ဦးစေလွှတ်မည်

ခွန်းကလိုင်းဖရီး စေတနာ့ဝန်ထမ်း အယောက်(၈၀)က ကျောင်း ဆရာ/မ မလုံလောက်တဲ့ ကယန်းတိုင်းရင်းသား ဒေသဘက်က ကျောင်းတွေမှာ သွားရောက်စာသင်ကြားပေးဖို့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ကနေ ဦးဆောင်နေတာဖြစ်ပါတယ်။ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ရဲ့ ပညာရေး စီမံကိန်းတာဝန်ခံ ခွန်းမောင်တင်က “ အဓိက ကယန်းဒေသမှာ ဆရာ၊မ မလုံလောက်မှုဖြစ်စဉ်တွေကို ကူညီထောက်ပံ့ချင်တယ်။ အဲ့ဒါရဲ့ နောက်ဆက်တွဲမှာ ပြန်စဉ်းစားမယ်ဆိုရင် ကျောင်းသူ၊သား...

ကယားပြည်နယ်အတွင်း အထက်တန်းကျောင်းတွေ ၁၈ ကျောင်းသာဖွင့်လှစ်နိုင်သေး

စိုးထိုက်အောင်၊ အန်ထောနီ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကိုရိုနာဗိုင်းရပ်(စ်)ကာကွယ်တားဆီးရေးလုပ်ငန်းတွေ သတ်မှတ်ထားတဲ့ A အဆင့် ရှိနေပြီဖြစ်သော်လည်း ကယားပြည်နယ်အတွင်းရှိ အထက်တန်းကျောင်းတွေ ၁၈ ကျောင်းသာဖွင့်လှစ်နိုင်ပါသေးတယ်။ ကျန်ရှိနေသေးတဲ့ကျောင်းတွေက ဒုတိယအကြိမ်စစ်ဆေးမှုမှာ A အဆင့်ရရှိပေမဲ့လည်း ဖွင့်ခွင့်တော့မရသေးဘူးလို့ ကယားပြည်နယ် ပြည်နယ်ပညာရေးမှူး ဦးလူစီယားနိုက ပြောပါတယ်။ ၎င်းက “ ကျနော်တို့ပြန်စစ်ပြီးသားရှိပါတယ်အကုန်လုံးတော့ A အဆင့်တော့ပြန်ရပြီ...

အခြေခံပညာကျောင်းတွေမှာ COVID-19 ကာကွယ်တားဆီးရေး လုပ်ငန်းအတွက် သီးသန့်ဘတ်ဂျက်ချထားခြင်းမရှိတဲ့အတွက် ကျောင်းဖွံ့ဖြိုးရေးရန်ပုံငွေကနေ အသုံးပြုရ

အန်ထော်နီ COVID-19 ကာကွယ်ထိန်းချုပ်ဖို့အတွက် အခြေခံပညာစာသင်ကျောင်းတွေမှာ သီးသန့်ဘတ်ဂျက်ချထားတာမရှိပဲ နှစ်စဉ်ကျောင်းဖွံ့ဖြိုးရေးရန်ပုံငွေကနေ အသုံးပြုရမှာဖြစ်တဲ့အတွက် အခက်အခဲတွေ ရှိလာနိုင်တယ်လို့ ကြားသိရပါတယ်။ နှစ်စဉ်နှစ်တိုင်းလိုလို နိုင်ငံတော်ကနေပြီးတော့မှ ကျောင်းတွေမှာ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ(SIF)ကို ကျောင်းသားလူဦးရေအရ ခွဲဝေ ထောက်ပံ့ပေးထားတာရှိပြီး အဲဒီရန်ပုံငွေထဲကနေပဲ COVID-19 ကာကွယ်ထိန်းချုပ်ရေး လိုအပ်တာတွေကို အသုံးပြုသွားမယ်လို့ အ.ထ.က ဒီးမော့ဆို အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး...

သတ္တမတန်း သင်ရိုးညွန်းတမ်းအသစ်မှာ ကယား(ကရင်နီ)မျိုးနွယ်စုအမည်တချို့ စာလုံးပေါင်းသတ်ပုံနှင့် ရိုးရာဓလေ့အကြောင်းမှားနေ

အန်ထောနီ သတ္တမတန်း သင်ရိုးညွန်းတမ်းအသစ်မှာ ကယား(ကရင်နီ)ပြည်နယ်က တိုင်းရင်းသားအမည်နာမနဲ့ ရိုးရာဓလေ့အကြောင်းတွေ မှားနေတယ်လို့ သက်ဆိုင်ရာ ဒေသခံတိုင်းရင်းသားမျိုးနွယ်စုတွေက ထောက်ပြ ပြောဆိုနေကြပါတယ်။ ကယား(ကရင်နီ)လူမျိုးတွေရဲ့ အထွတ်အထိပ်ထားတဲ့ အဲဒိုပေါ်မီပွဲ (ခေါ်) ဒီးကူပွဲကို ဒီကူးပွဲလို့သာ ဖော်ပြထားခြင်း၊ ဒီးကူကို ဒီကူးဟု စာလုံးပေါင်းမှားယွင်းစွာ ရေးသားထားခြင်းနှင့် ၎င်းပွဲတော်ကိုလည်း ကောက်သစ်စားပွဲလို့ ဆရာကိုင်စာအုပ်မှာ ဖော်ပြထားခြင်းက...

Latest news

- Advertisement -spot_img