spot_imgspot_imgspot_imgspot_img
Sunday, September 8, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

TAG

ရွားေတာ

ဘယ်တော့ဖွံ့ဖြိုးမလဲ

မော်ဦးမြာ လတ်ဆတ်တဲ့ အစားအစာကို လိုအပ်တဲ့အချိန်မှာ စားသုံးနိုင်ဖို့အတွက် ယနေ့အချိန်ထိ မြို့တွင်းဈေးတောင် မရှိသေးတဲ့ မြို့ နယ်လေးက ကယား(ကရင်နီ) ပြည်နယ်ရဲ့ နယ်စွန်နယ်ဖျားမှာရှိပြီး တောင်တန်းတွေနဲ့ ဝန်းရံထားတဲ့ ရှားတောမြို့ နယ်လေးပဲ ဖြစ်ပါတယ်။ ရာသီအလိုက် ခြံထွက်သီးနှံတွေကိုသာ စားသုံးရတယ်ဆိုပေမဲ့ စိုက်ပျိုးရေး အဆင်မပြေရင်တော့ လတ်ဆတ်တဲ့ သီးနှံတွေ စားသုံးရဖို့...

“ကျနော်တို့ ရှားတောက အစွန်အဖျားလည်းဖြစ်တယ်။ နောက်ပြီးတော့ ပွင့်လင်းတဲ့ အုပ်ချုပ်မှု စနစ်လည်း မဟုတ်သေးဘူး။ စစ်ဆင်ရေးနယ်မြေလည်း ဖြစ်နေပါသေးတယ်။”

မော်ဦးမြာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေနဲ့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး ထိုးပြီး ၂၀၁၂ခုနှစ်နှစ်နောက်ပိုင်းမှာ ကယား(ကရင်နီ)ပြည်နယ်အတွင်း အစိုးရနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ဆက်လက် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ဖို့ လွိုင်ကော်မြို့၊ ရှားတောမြို့၊ ဖားဆောင်းမြို့ တွေအသီးသီးမှာ ဆက်ဆံရေးရုံးတွေ ထားရှိခဲ့ကြပါတယ်။ ဒီလိုဆက်ဆံရေးရုံးတွေထားပြီးနောက်ပိုင်း ပစ်ခတ်ရပ်စဲရေး သဘောတူထားတာ ၈ နှစ်နီးပါးအတော်အတွင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်အပါအဝင်...

စစ်ဘေးဒဏ်ကြုံတွေ့ခဲ့ရတဲ့ ရှားတောမြို့နယ်ထဲက ဒေသခံတွေရဲ့ ငြိမ်းချမ်းရေးအမြင်

မော်ဦးမြာ ကယား(ကရင်နီ)ပြည်နယ်ရဲ့ ရှားတောမြို့နယ်ထဲက ကျေးရွာတွေဟာဆိုရင် ယခင် ဖြတ်လေးဖြတ်စစ်ဘေးဒဏ်ခံရလို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာတွေ ကျေးရွာတွေ တော်တော်များများ ပျက်စီးခံခဲ့ရပါတယ်။ တချို့ဒေသခံတွေအများစုက နယ်စပ် ဒုက္ခသည်စခန်းတွေမှာ စစ်ရှောင်ကြသလို ရှားတော့မြို့ပေါ်က စုစည်းရွာမှာလည်း သွားရောက်ပြေးရှောင်နေထိုင်ခဲ့ကြပါတယ်။ အခုချိန်ထိ ကျေးရွာကို မပြန်နိုင်နိုင်ကြသေးပါဘူး။ တချို့အနည်းအကျဉ်းကတော့ တောင်ယာတွေ ပြန်ခုတ်စားတဲ့သူ ရှိပါတယ်။...

Latest news

- Advertisement -spot_img