spot_imgspot_imgspot_imgspot_img
Sunday, February 23, 2025
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

TAG

ကျန်းမာရေး

ပြည်နယ်အတွင်း ဆေးနှင့်ဆေးပစ္စည်းတွေ၊ ဆရာဝန်တွေ လုံလောက်မှုမရှိသေး

အန်ထောနီ ကယားပြည်နယ်ရှိ အခြေခံကျန်းမာရေးဆေးခန်းတွေက ဆေးနှင့်ဆေးပစ္စည်းတွေ၊ ဆရာဝန်တွေ လုံလောက်မှုမရှိသေးဘူးလို့ မြန်မာနိင်ငံဆရာဝန်အသင်း ကယားပြည်နယ် တွဲဖက်အတွင်းရေးမှူး / အထွေထွေရောဂါကုဆရာဝန် ဒေါက်တာ ပြည့်ဖြိုးကျော်က ပြောပါတယ်။ အခုလို ဖြစ်ရတာက ဆေးနှင့်ဆေးပစ္စည်းတွေ ဝယ်ယူဖို့ ဘဏ္ဍာငွေလုံလောက်မှုမရှိတာ ကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ ဒေါက်တာ ပြည့်ဖြိုးကျော်က “နောက်တစ်ခုအရေးကြီးတာက ဆေးနှင့်ဆေးပစ္စည်းတွေပြည့်စုံလုံလောက်မှုပေါ့။ အဲ့တာကျတော့ဘတ်ဂျက်ပိုင်းပေါ့နော်။ ကျနော်တို့တစ်ခုတည်းလုပ်လို့မရတဲ့အပိုင်းပေါ့နော်။ ဒီစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်...

တပ်မတော်မှ ကေအဲန်ပီပီအား COVID-19 ကပ်ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

နော်ဒွေးအယ်ခူ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာလအတွင်း မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာ့တပ်မတော် (ကြည်း၊ ရေ၊ လေ) အဖွဲ့ဝင်များမှ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အား COVID-19 ကပ်ရောဂါ ကာကွယ်ရေးပစ္စည်းများကို လှူဒါန်းသွားတယ်လို့သိရပါတယ်။ “အစကတော့ ကေအန်ပီပီရုံးမှာပေးဖို့ရှိတယ် မိုးကရုတ်တရက်ရွာချလာခဲ့ရင် ပစ္စည်းတွေသယ်တာရွေ့တာခက်ခဲတာဖြစ်မှာစိုးတဲ့အတွက် ဒီခန်းမမှာပဲတွေ့ဆုံပြီးတော့ ပေးအပ်ရခြင်းဖြစ်ပါတယ်။ ဒါကတော့ ကျတော်တို့တပ်မတော်ရဲ့ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆောင်ရွက်မှုအများကြီးထဲကနေပြီးတော့...

COVID-19 ရောဂါထိန်းချုပ်ကာကွယ်ဖို့အတွက် မိမိနေအိမ်၌သာနေပြီး ပူးပေါင်းပါဝင်ဖို့ ကျန်းမာရေးတာဝန်ရှိသူတွေ တိုက်တွန်း

ကန္တာရဝတီတိုင်း(မ်) လတ်တလောဖြစ်ပွားနေတဲ့ COVID-19 ရောဂါထိန်းချုပ်ကာကွယ်ဖို့အတွက် မိမိနေအိမ်၌သာနေပြီး ပူးပေါင်းပါဝင်ဖို့ ပြည်နယ်အတွင်း ကျန်းမာရေးတာဝန်ရှိသူတွေက တိုက်တွန်းပြောဆိုကြပါတယ်။ “အဓိကကတော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ပြည်သူလူထုပူးပေါင်းဖို့က အင်မတန်အရေးကြီးပါတယ် ရောဂါပျံ့နှံမဖြစ်ပွားဖို့ အဓိက ပြည်သူလူထုက ပူးပေါင်းပါဝင်ဖို့ပါပဲ။ မိမိအိမ်မှာမိမိနေခြင်းအားဖြင့် ဒီရောဂါကို ကာကွယ်တားဆီးပြီးသားဖြစ်ပါတယ်။ အပြင်လျှောက်သွားလို့ ရောဂါကူးစက်လာရင် ကုသဖို့ အင်မတန်ခက်တဲ့ရောဂါဖြစ်ပါတယ် အဲဒါ...

စစ်ဆေးရေးဂိတ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင် ကျန်းမာရေးအဖွဲ့တွေ ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်

စိုးထိုက်အောင် ကယားပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ စုပေါင်းပြီးဖွဲ့ထားတဲ့ ကျန်းမာရေးဌာနကနေပြီး ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးဂိတ်တွေထားရှိပြီး အစိုးရနဲ့လဲကျန်းမာရေးကိစ္စတွေမှာပူးပေါင်းလုပ်ဆောင်ဖို့ဆွေးနွေးနေထားတာရှိတယ်လို့ CHDN အဖွဲ့ရဲ့ Deputy Director (ပရိုဂရမ်) ဦးစိုးမိုးအောင်က ပြောပါတယ်။ “ ကျတော်တို့ဒီ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သတ်ပြီးတော့ ကျတော်တို့ဒီအစိုးရနဲ့ပူးပေါင်းလုပ်ဆောင်ဖို့ကျတော်တို့ဆွေးနွေးထားတာတွေရှိတယ်ပေါ့နော် အဓိကကတော့ ကျတော်တို့ဒီဒေသတွေထဲမှာကျတော်တို့အဖျားတိုင်းတဲ့ဟာတွေဒါတွေကတော့ကျတော်တို့ဂိတ်တွေဒီ ကျတော်တို့အဖွဲ့အစည်းရဲ့ဂိတ်တွေမှာကျတော်တို့ဆောင်ရွက်နေတာရှိတယ်ပေါ့။”လို့ ဦးစိုးမိုးအောင်က ပြောပါတယ်။ ကရင်နီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့...

ကျေးလက်ဒေသဘက်တွေမှာ ကိုဗစ်-၁၉ ကာကွယ်ဖို့ ယူနီဆက် ရန်ပုံငွေထောက်ပံ့

နော်ဒွေးအယ်ခူ ကယားပြည်နယ်ရှိ မြို့သုံးမြို့ကို ကိုဗစ်-19 ရောဂါ ကာကွယ်တဲ့လုပ်ငန်းစဉ်မှာ အသုံးပြုရန်အတွက် ယူနီဆက်ရန်ပုံငွေ ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်လို့ ကယားပြည်နယ်ဦးစီးမှူး ၊ ညွန်ကြားရေးမှူး ဦးကျော်သူအောင်က ပြောပါတယ်။ UNICEF ကရန်ပုံငွေနဲ့ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖားဆောင်းမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ကိုရိုနာဗိုင်းရပ်(စ်) ကာကွယ်ရေးလုပ်ငန်းတွေကို...

CHDN ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ခွန်းဖိလစ်နှင့် တွေ့ဆုံမေးမြန်းခြင်း

ကန္တာရဝတီတိုင်း(မ်) ကယား(ကရင်နီ)ပြည်နယ်အတွင်း အစိုးရလက်လမ်းမမှီတဲ့ ကျေးလက်ဒေသတွေဘက်မှာ လူထုတွေကျန်းမာရေး စောင့်ရှောက်မှုတွေကို လူထုကျန်းမာရေး နှင့်ဖွံ့ဖြိုးရေးကွန်ယက် ( Civil Health and Development Network - CHDN) အဖွဲ့ကနေပြီး တစ်ဖက်တစ်လမ်းဆောင်ရွက်ပေးနေပါတယ်။ ကရင်နီ ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်လို့ လက်ရှိ အစိုးရဘက်ကဖော်ဆောင်နေတဲ့ မူပေါ်လစီနဲ့ ဖက်ဒရယ်ကျန်းမာရေးစနစ်သုံးသပ်ချက်တွေကို ကန္တာရဝတီတိုင်း(မ်)ကနေ ခွန်းဖိလစ်ကို...

လောပိတတွင် ကိုဗစ် ၁၉ ကြိုတင်ကာကွယ်ရေးလုပ်ဆောင်ရာတွင် လိုအပ်ချက်ရှိနေသေး

မီမြာ၊ ဦးမြာ ယခုလက်ရှိဖြစ်ပွားနေသာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို ကြိုတင်ကာကွယ်ဖို့အတွက် လွိုင်ကော်မြို့နယ်ရှိ လောပိတဘက်မှာ လောပိတဖောင်ဒေးရှင်းအဖွဲ့နှင့် ကျေးရွာနေသူများက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာမှာ လိုအပ်ချက်တွေရှိနေသေးတယ်လို့ သိရပါတယ်။ ခုလိုလုပ်ဆောင်ရာမှာ Mask တွေ PPE ဝတ်စုံတွေလိုအပ်နေသေးတယ်လို့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွင် ပါဝင်ကူညီပေးနေတဲ့ လောပိသဒေသခံ ဦးမြင့်မောင်မောင် ကပြောပါတယ်။ ကာကွယ်ရေးပစ္စည်းတွေဘာမှ မရှိသေးဘူး ဆေးရုံမှာရော...

တကိုယ်ရေသန့်ရှင်းရေး ပြုလုပ်ဖို့ရေရှားပါးမှု ပြဿနာကြုံတွေ့နေကြရ

အန်ထောနီ ဖရူဆိုမြို့နယ် ဒိုးပရယ်ကျေးရွာအုပ်စုတွင်း ရေရှားပါးမှုကြောင့် ကလေးသူငယ်တွေရဲ့ တကိုယ်ရေသန့်ရှင်းရေး မပြုလုပ်နိုင်တဲ့အနေအထားမှာ အသက်အန္တရာယ်အထိ ကြုံတွေ့လာ ရမှာကိုစိုးရိမ်ကြောက်လန့်နေကြရတယ်လို့ ဒေသခံတွေဆီကနေ ကြားသိနေရပါတယ်။ “ အခုချိန်နွေရာသီ ရေရှားပါးတဲ့အချိန်မျိုးမှာဆိုရင် ကျနော်တို့ကလေးတွေ (၅) နှစ်အောက်ကလေးတွေဆိုရင် လက်ဆေးဖို့တောင်မှ တော်ရုံတန်ရုံ ရေကမရှိတဲ့အနေအထားမျိုးမှာပေါနော်။ ဝမ်းပျက်ဝမ်းလျှောတို့ အဲ့လောက်ထိတောင်ဖြစ်သွားတယ်ပေါ့။ သေတဲ့အထိတောင်ဖြစ်သွားနိုင်တဲ့ အနေအထားမျိုးကို...

ကပ်ရောဂါကြောင့် KNPP နဲ့ ပြည်နယ်အစိုးရ လစဉ်တွေ့ဆုံရန် အစီအစဉ်မရှိသေး

မော်ဦးမြာ ကပ်ရောဂါဖြစ်တဲ့ Covid-19 ဗိုင်းရပ်စ်ပိုးကူးစက်ပြန့်ပွားမှုကြောင့် ပြည်နယ်အစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့ လစဉ်ပုံမှန်တွေ့ဆုံရန် အစီအစဉ်ကို ဆောင်ရွက်နိုင်ခြင်း မရှိသေးဘူးလို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP လွိုင်ကော်ဆက်ဆံရေးရုံး ဒု-တာဝန်ခံ(လွိုင်ကော်) မှ ခူးဖိုးရယ်က ပြောပါတယ်။ ခူးဖိုးရယ်က “ လောလောဆယ်ကတော့ အစည်းအဝေးတွေကိုလည်း ရပ်တန့်ထားတယ်လေ...

လွိုင်ကော်မြို့အတွင်း အချို့စားသောက်ဆိုင်များ ရက်အကန့်အသတ်မရှိ ခေတ္တပိတ်ထား၊ ပါဆယ်ဖြင့်သာရောင်းချ

ကန္တာရဝတီတိုင်း(မ်) မြန်မာနိုင်ငံမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါ အတည်ပြုလူနာ ၃ ဦးတွေ့ရှိပြီးနောက် လွိုင်ကော်မြို့အတွင်း အချို့စားသောက်ဆိုင်များ ခေတ္တပိတ်ထားလိုက်တယ်လို့ သိရပါတယ်။ နောင်ယား(ခ)ရပ်ကွက်အတွင်း ဒေသရိုးရာအစားအသောက်နဲ့ အအေးမျိုးစုံ ရောင်းချနေတဲ့ IORA ဆိုင် တာဝန်ရှိသူက စားသောက်ဆိုင်ဖြစ်တဲ့အတွက် လူအဝင်အထွက်များတာကြောင့် ရောဂါထိန်းချုပ်နိုင်ရန်အတွက် ဆိုင်မှာ စားသောက်ခွင့်မပြုတော့ဘဲ...

Latest news

- Advertisement -spot_img