spot_imgspot_imgspot_imgspot_img
Monday, December 23, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

TAG

KNPP

တော်လှန်ရေးမှာ ပါးနပ်ဖို့ လိုကြောင်း၊ လူမိုက်လုပ်ပြီးတော်လှန်ရေး လုပ်လို့မရကြောင်း KNPP ပြော

ကန္တာရဝတီတိုင်း(မ်) ရန်သူကို ရင်ဆိုင်တိုက်ခိုက်တဲ့နေရာမှာ ပါးနပ်ဖို့လိုပြီး လူမိုက်လုပ်ပြီးတော်လှန်လို့ မရကြောင်း ဒီကနေ့ ဩဂုတ်လ (၁၇)ရက်နေ့မှာ ကျရောက်တဲ့ ကရင်နီပြည်တပ်မတော်နေ့မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး-၁ ခူးဒယ်နီယာယ်က ပြောဆိုလိုက်ပါတယ်။ “တိုက်ပွဲဝင်တယ်ဆိုတာကတော့ သေရမယ်ကြေရမယ်ဆိုတာတော့ လူတိုင်းခံယူဖို့လိုတယ်။ တကယ်တမ်း ဒီအဖြစ်အပျက်က ရှိပြီးသားပေါ့။ ဆိုတော့ ဒီတိုက်ပွဲဝင်တဲ့နေရာမှာ ရန်သူကိုရင်ဆိုင်နေတဲ့နေရာမှာတော့ သူတို့နဲ့...

ဖယ်ခုံမြို့နယ်အတွင်း PDF ပူးပေါင်းတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ (၁၁)နာရီဝန်းကျင်အကြာ တိုက်ပွဲဖြစ်ပွားခဲ့

ကန္တာရဝတီတိုင်း(မ်) ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်အကြား ပင်လုံကျေးရွာနဲ့ လွယ်ဟွဲကျေးရွာအနီးမှာ PDF ပူးပေါင်းတပ် နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ (၁၁)နာရီဝန်းကျင်အကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PDF- Pekhon က ဩဂုတ်လ (၁၅)ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ (၁၄)ရက်နေ့ နံနက် ၇ နာရီဝန်းကျင်မှာ ပင်လောင်းဖက်မှ လာတဲ့...

အရေးတော်ပုံအောင်မှ အိမ်ပြန်မယ်ဆိုတဲ့ CDM ကျောင်းဆရာမ

ကန္တာရဝတီတိုင်း(မ်) အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးက အာဏာသိမ်းမှုကို လက်မခံတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ CDM (Civil Disobdience Movement အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု) လှုပ်ရှားမှုပြုလုပ်ပြီး ပြည်သူနဲ့အတူ ကန့်ကွက်ဆန္ဒပြ ခဲ့ကြပါတယ်။ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး ဇာတိမြေရဲ့ အဝေးကို တိမ်းရှောင်နေရတဲ့ CDM ဝန်ထမ်းတချို့ဆိုရင်လည်း နယ်စပ်မှာရှိတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP...

ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့အခမ်းအနား ကိုဗစ်ကြောင့် မကျင်းပနိုင်

KNPP ထိန်းချုပ်နယ်မြေတနေရာမှ သင်တန်းဆင်းပွဲ (ပုံဟောင်းအသုံပြုခြင်းသာဖြစ်) ကန္တာရဝတီတိုင်း(မ်) ဩဂုတ်လ ၉ ရက်နေ့မှာ ကျရောက်တဲ့ (၇၃)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနားကို ကိုဗစ် - ၁၉ ရောဂါကြောင့် လူစုလူဝေး ပြုလုပ်ဖို့ အခက်အခဲဖြစ်နေတာကြောင့် မကျင်းပနိုင်ခဲ့ဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ အခမ်းအနား ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ခေါင်းဆောင် ခူးတော်ရယ်...

စားနပ်ရိက္ခာ၊ ဆေးဝါးများ ကြိုတင်စုဆောင်းထားရန် KNDF သတိပေး

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်များ ပိုမိုလှုပ်ရှားမှု များပြားလာတဲ့အတွက် စစ်ရေးများ ပိုမိုတင်းမာလာနိုင်တာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အခြားလိုအပ်တဲ့ အခြေခံ အသုံးအဆောင်ပစ္စည်းများကို ကြိုတင်စုဆောင်းထားဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က သတိပေးလိုက်ပါတယ်။ “ ပြည်သူလူထုတွေ ကြိုတင်ပြင်ဆင်လို့ ရအောင်ပေါ့လေ။ အဓိက အကြောင်းရင်းက ကျနော်တို့ ကယား(ကရင်နီ)ပြည်နယ်မှာ စကစ...

နယ်စပ်က စစ်ဘေးရှောင်စခန်းတခုမှာ စာသင်ကျောင်း စတင်ဖွင့်လှစ်

ကန္တာရဝတီတိုင်း(မ်) စစ်ဘေးရှောင်ပြည်သူတွေ လာရောက်ခိုလှုံကြတဲ့ KNPP ထိန်းချုပ်နယ်မြေတစ်နေရာမှာ အ‌ခြေခံပညာရေးကျောင်း စတင်ဖွင့်လှစ်ထားပြီး အခက်အခဲတွေရှိ နေတယ်လို့ သိရပါတယ်။ အဆိုပါ နေရာက တပ်မတော်က အာဏာသိမ်းပြီးနောက် ကယား (ကရင်နီ)ပြည်နယ်ထဲ တိုက်ပွဲတွေ ဖြစ်ပွားပြီး ထွက်ပြေးတိမ်းရှောင်လာကြသူတွေ ဖြစ်ပါတယ်။ ကလေးတွေအတွက် ဩဂုတ်လမှာ စာသင်ကျောင်းစတင်ဖွင့်လှစ်ပေးနေပြီး ကျောင်းသုံး သင်ထောက်ကူပစ္စည်း‌တွေ ၊ကျောင်းဆောင် တွေ...

ဖရူဆိုမြို့နယ်နဲ့ ဘောလခဲမြို့နယ်မှာ တစ်နေ့တည်း တိုက်ပွဲ (၄)ကြိမ်ဖြစ်ပွား၊ စစ်ကောင်စီတပ်မှ ၁၁ ဦးသေဆုံး ၂၀ဦးထက်မနည်းဒဏ်ရာရ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် ဖရူဆိုမြို့နယ်နဲ့ဘောလခဲမြို့နယ်တို့မှာ ဒီကနေ့ ဩဂုတ်လ ၃ရက်နေ့မှာ တိုက်ပွဲ (၄)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၁ဦးသေဆုံးပြီး ၂၀ဦးထက်မနည်း ဒဏ်ရာရကာ ကား ၃စီးမီးလောင်ပျက်စီးခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီးနဲ့ ဖရူဆိုမြို့နယ် ထားလဲကျေးရွာ၊ မားခရာရှေ့ကျေးရွာတို့မှာ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့...

KNPP ထိန်းချုပ်နယ်မြေထဲက စစ်ရှောင်စခန်းမှာ ဆေးဝါးလိုအပ်နေ

ကန္တာရဝတီတိုင်း(မ်) ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ စစ်ရှောင်စခန်းတစ်ခုမှာ ကျန်းမာရေးအတွက်ဆေးဝါးလိုအပ်​နေတယ်လို့ ကရင်နီကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန မှတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ ၎င်းက " အားနည်းချက်တော့ ရှိတယ် ဆေးဝါးတွေပေါ့နော်။ သားဖွားတို့ မိခင်တို့ လိုမျိုး နာတာရှည် ရောဂါသည်လိုမျိုး ပန်းနာရင်ကျပ်တို့ တီဘီတို့ ကင် ဆာတို့ အရမ်းအခက်အခဲဖြစ်တယ်။ ရေရှည်...

လူသားချင်းဆိုင်ရာအထောက်အပံ့များ ဆက်လက်ကူညီပံ့ပိုးပေးရန် KSCC တောင်းဆို

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်အတွင်း ကိုဗစ်ရောဂါအခြေအနေနဲ့ စစ်ရေးတင်းမာမှုကြောင့် စစ်ဘေးရှောင်ပြည်သူအနေနဲ့ မိမိနေရပ်ကို အလုံးစုံပြန်လည်နေထိုင်ခြင်းမရှိသေးတာကြောင့် လူသားချင်းဆိုင်ရာအထောက်အပံ့များ ဆက်လက်ပံ့ပိုးကူညီပေးရန် ကရင်နီအတိုင်ပင်ခံကောင်စီ (KSCC) တောင်းဆိုလိုက်ပါတယ်။ “လူထုတွေနဲ့သွားပြီး စကားပြောတဲ့အချိန်မှာ သူတို့တွေရဲ့တောင်းဆိုချက်က စစ်ဘေးရှောင်မှာမှမဟုတ်ဘူး ကျေးရွာမှာရှိတဲ့ ပြည်သူလူထုကိုယ်၌ကိုယ်က စားဖို့သောက်ဖို့အခက်အခဲတွေပိုပြီး ကြပ်တည်းလာတယ်။ ဆေးဝါးတွေကြပ်တည်းတယ် ငွေကြေးကလည်း စောနကပြောသလို ရှာဖွေလို့မရတဲ့အပေါ်မှာ နောက်ထပ် ၂လ...

လွိုင်ကော်မြို့နယ်အရှေ့ဖက်မှာ တိုက်ပွဲဖြစ်ပွား

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းက ဒေါမူကလားကျေးရွာအရှေ့ဖက်ခြမ်းမှာ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဒီကနေ့ ဇူလိုင်လ ၃၁ရက်နေ့ နေ့လည် ၁၁နာရီကျော်အချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “သူတို့နယ်ကျော်လာလို့ပစ်တာ သူတို့အင်အား ၈၀ကျော်လောက်ရှိမယ်။ ဒီမနက် ၁၁နာရီခွဲလောက်မှာပစ်တယ် ၂၀မိနစ်လောက်ပဲရှိတယ်။ တိုက်ပွဲဖြစ်တာက ၁၁နာရီခွဲလောက်မှာဖြစ်တာ ဒါပေမယ့် ၁၂နာရီကျော် ၁နာရီထိတော့ ပစ်နေတာရှိတယ်...

Latest news

- Advertisement -spot_img