Friday, January 10, 2025
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

TAG

NLD

ကယန်းအမျိုးသားပါတီက ဒီချုပ်ကိုယ်စားလှယ်နဲ့တွေ့ဆုံစဉ် အဓိကအချက်(၃)ချက် ဆွေးနွေးတင်ပြ

ခွန်းကလိုင်းဖရီး ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းအချိန်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ NLD ရုံးမှာ ကယန်းအမျိုး သားပါတီ(KNP)မှ ကယန်းတိုင်းရင်းသားလူမျိုးရေးရာနေရာမှာ အနိုင်ရခဲ့တဲ့ ခွန်းတင်နုအပါအဝင် အတွင်းရေးမှူး အဖွဲ့ ၃ ဦးအဖွဲ့က NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာအောင်မိိုးညိုဦးဆောင်တဲ့ အဖွဲ့ကိုယ် စားလှယ်တွေနဲ့...

NLD ပါတီမှ ကယားအခြေစိုက်ပါတီနဲ့တွေ့ဆုံရန် အကြောင်းမကြားသေး

နော်ဒွေးအယ်ခူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ ကယားပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) နဲ့ တွေ့ဆုံရန် အကြောင်းမကြားသေးဘူးလို့ ပါတီအတွင်းရေးမှူး ဦးသဲရယ်က ပြောပါတယ်။ “ကျွန်တော်တို့ KySDP နဲ့ NLD တွေ့ဆုံမယ့်ကိစ္စကတော့ တိတိကျကျမဖြေတော့မထွက်လာသေးဘူး။ ကျွန်တော်တို့က ပါတီအနေနဲ့တွေ့ဖို့ပေါ့။ အနိုင်ရကိုယ်စားလှယ်နဲ့ပဲတွေ့မယ်ဆိုရင်တော့ ပါတီကနေပြီးတော့ ခွင့်ပြုမှာမဟုတ်ဘူးပေါ့။ ကိုယ်စားလှယ်ကပါတီကိုယ်စားပြုရမှာဖြစ်သလို မဲထည့်ခဲ့တဲ့ပြည်သူ...

အမျိုးသားလွတ်တော်မဲဆန္ဒနယ် အမှတ် (၁၁) လွိုင်ကော်မြို့နယ်မှာ အနိုင်ရသွားတဲ့ NLD ကိုယ်စားလှယ် ဦးဖြေရယ်

အမျိုးသားလွတ်တော်မဲဆန္ဒနယ် အမှတ် (၁၁) လွိုင်ကော်မြို့နယ်မှာ အနိုင်ရသွားတဲ့ NLD ကိုယ်စားလှယ် ဦးဖြေရယ်နှင့် တွေ့ဆုံခြင်း https://youtu.be/yY1l06dogl4

ဗမာတိုင်းရင်းသားရေးရာနေရာမှာ အနိုင်ရသွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးဌေးအောင်

ဗမာတိုင်းရင်းသားရေးရာနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးဌေးအောင် အနိုင်ရရှိပြီး ဘာတွေဆောင်ရွက်ပေးမလဲဆိုတဲ့ ကတိကဝတ်ကို မေးမြန်းချက် https://youtu.be/h5zkt9Iv22M

တိုင်းရင်းသားအရေးဖော်ဆောင်မည့်သူလိုလားနေကြ

မီမြာ ရွေးကောက်ပွဲအနိုင်ရရှိရေး ကယားပြည်နယ်အတွင်းမှာ ဒေသအခြေစိုက်ပါတီတွေကော လက်ရှိ အာဏာရ ပါတီတွေကော ထောက်ခံသူတွေအသီးသီးက အင်အားပြစီတန်းလှည့်လည်တာတွေက အပြိုင်အဆိုင်ပါပဲ။ ဒီလိုအင်အားအပြိုင်အဆိုင်နဲ့ ပါတီအသီးသီးကို ဝန်းရံသူနေကြသူတွေကတော့ သူတို့ ယုံကြည်ရာကို ထောက်ခံကြပြီး လိုက်ပါဝန်းရံသွားကြတာကိုတွေ့ရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ရက်နေ့က ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDPနဲ့ ကယန်းအမျိုးသားပါတီ KNP ပါတီစည်းရုံးရေးမှာ လာရောက်ဝန်းရံခဲ့တဲ့သူတွေက ပြည်သူတွေအတွက်...

ဝန်ကြီးချုပ်ဟောင်းကိစ္စ အခြေခံဥပဒေခုံရုံးမှာစစ်ဆေးမည့်ကိစ္စ အာဏာရပါတီက အခွင့်ကောင်းယူတယ်လို့ KySDP ကဝေဖန်ပြောကြား

မီမြာ ၊ ဦးမြာ ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လယ်ဖောင်းရှိုရာထူးကနေ ရပ်နားခံရတဲ့ကိစ္စ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှာ ကြားနာစစ်ဆေးမည့်ကိစ္စဟာဆိုရင် လက်ရှိအာဏာရ ပါတီကြီးအနေနဲ့ အခွင့်အရေးယူပြီး အသုံးချနေခြင်းဖြစ်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP ဝေဖန်ပြောကြားလိုက်ပါတယ်။ “ဒါက ပါတီကြီးကနေပြီးတော့ သူ့လူကိုကာကွယ်ပေးပြီးမှ ဒီဖြစ်စဉ်အပေါ်မှာ ကျော်ပြီးလုပ်တယ်လို့ယူဆတယ်။တကယ်တော့ အဂတိမြောက်တဲ့ အကြာင်းတရားတွေက ပြည်သူ့ငွေအလွှဲသုံးစားလုပ်တာ ပြည်သူ့ငွေတွေကို...

ပြည်သူလူထုတွေ လင်းတဲ့လမ်းကိုဆက်လျှောက်ဖို့အတွက် ကောင်းတဲ့လူ၊ကောင်းတဲ့ခေါင်းဆောင်ကို ရွေးကြပါဆိုလာတဲ့ NLD ကိုယ်စားလှယ်လောင်း

စိုးထိုက်အောင် ပြည်သူလူထုတွေအနေနဲ့ ကျမကိုရွေးချယ်ပါလို့လည်း မပြောချင်ပါဘူး ၊ကျမပါတီကိုမဲထည့်ပေးပါလို့မပြောချင်ပါဘူး။ လင်းတဲ့လမ်းကိုဆက်လျှောက်လှမ်းနိုင်ဖို့အတွက် ခေါင်းဆောင်ကောင်းကိုရွေးချယ်ပြီး မဲထည့်ကြပါလို့ ဆိုလာတဲ့သူကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ( NLD) ဖရူဆိုမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမယ့် ဒေါ်ကြူကြူအောင်ပဲဖြစ်ပါတယ်။ “ ဒီအချိန်မှာ နိုင်ငံရေးအရေးကြီးတယ်နော်။ ဒီအချိန်မှာ လင်းတဲ့အချိန်မှာကောင်းကောင်းမွန်မွန်အေးအေးဆေးဆေးနဲ့လုပ်နေရတယ်၊ အေးဆေးစားနေရတယ်၊ အေးဆေးသွားနေရတဲ့အချိန်မှာ ဒီဟာကို နင်တို့အလေးမထားဘူးဆိုရင်အမှောင်ပြန်ကျမှာစိုးလို့ အဲ့ဒါကြောင့်မလို့ လင်းတဲ့လမ်းကိုဆက်လျှောက်ဖို့ဆိုရင်ဝိုင်းဝန်းကူညီပေးကြပါ။ ကိုယ့်ပါတီကိုပဲမပြောပါဘူး၊...

ပြည်နယ်မှာ NLD စတင်ဖွဲ့စည်းခဲ့ချိန်မှာပါဝင်ခဲ့ဖူးတဲ့ ၂၀၂၀ တိုင်းရင်းသားပါတီကိုယ်စားလှယ်လောင်း

စိုးထိုက်အောင် ၂၀၁၂ခုနှစ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုကယားပြည်နယ်မှာလာရောက်တည်ထောင်ခဲ့ချိန်ပါဝင်တည်ထောင်ပေးခဲ့သူ၊ တည်ထောင်ပြီးနောက်မှာကယားပြည်နယ်(NLD) ပါတီရဲ့ဗဟိုကော်မတီအဖွဲ့ဝင်အနေနဲ့ပါဝင်ခဲ့တဲ့ရှားတောမြို့နယ်၊ ဈေးပိုင်းရပ်ကွက်မှာနေတဲ့ဦးစိုင်းအုန်းမြင့်ကလာမယ့်၂၀၂၀အထွေထွေရွေးကောက်ပွဲမှာတော့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) မှာရှားတောမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ “ NLDကိုကျနော်တို့လူမျိုးစုကနေ ကျနော်တို့ဖွဲ့စည်းတာ။ ဒီကယားပြည်နယ်တစ် ပြည်နယ်လုံးမှာပေါ့နော်။အဲ့ဒီNLD ပါတီကို ပထမဆုံး ကျနော်တို့ထူထောင်တာ။” လို့ဦးစိုင်းအုန်းမြင့်ကပြောပါတယ်။ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကနေဝင်ရောက်ယှဉ်ပြိုင်ရတာက ပြည်နယ်အခြေစိုက်ပါတီရဲ့လုပ်ပိုင်ခွင့်နဲ့ပြည်မကပါတီကြီးတွေရဲ့လုပ်ပိုင်ခွင့်ကမတူညီတဲ့အတွက်ကြောင့်ဖြစ်တယ်လို့သူကဆက်ပြောပါတယ်။ “ ဘာကြောင့်ပြည်နယ်ပါတီကို ကိုယ်ကစိတ်ဝင်စားသွားသလဲဆိုတော့ ပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီရဲ့လုပ်ပိုင်ခွင့်နဲ့ အခုပြည်မကပါတီကြီးတွေရဲ့...

ရွေးကောက်ပွဲတွင် မိခင်ပါတီအား ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ရမည့် NLD အမတ် ဒေါ်ရှားမူ

ကရင်နီသူ NLD မှ အမျိုးသမီးအမတ် ဒေါ်ရှားမူအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မိခင်ပါတီအား ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒေါ်ရှားမူက ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီကနေ ပြန်လည်မရွေးချယ်တော့တဲ့အတွက် ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ဒေါ်ရှားမူက ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ကို ကိုယ်စားပြုပြီးတော့ ကယားပြည်နယ် ဖရူဆိုမြို့နယ်...

ဝန်ကြီးဟောင်းဦးစိုးသိန်းအား အနိုင်ရရေးပြင်ဆင်ထားဟု NLD ကိုယ်စားလှယ်လောင်းပြော

ခွန်းတူးတူးလေး၊ အန်ထောနီ ရွေးကောက်ပွဲမှာ ပြိုင်ဘက်ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းဖြစ်သူ ဝန်ကြီးဟောင်း ဦးစိုးသိန်းကို အနိုင်ရဖို့ ပြင်ဆင်ထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ကိုယ်စားလှယ်လောင်းလည်းဖြစ် သတင်းထောက်ဟောင်းလည်းဖြစ်တဲ့ စိုင်းလင်းလင်းဦးက ပြောပါတယ်။ ၎င်းတို့နှစ်ဦးက ကယားပြည်နယ် ဘောလခဲမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ “နိုင်အောင်တော့ပြိုင်မှာပဲ။ ကျနော့်အနေနဲ့ သူ့ကို ပုံရိပ်ကြီးတဲ့ ပြိုင်ဖက်လို့သတ်မှတ်ထားတယ်။ ဒါပေမယ့်...

Latest news

- Advertisement -spot_img