spot_imgspot_imgspot_imgspot_img
Wednesday, October 16, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုအနောက်ဖက်ခြမ်းမှာ နနွင်းကိုစီးပွားဖြစ်ပိုစိုက်ပျိုးလာကြ

Author

Date

Category

ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း၊ ခါးဘယ်ကျေးရွာမှာ နနွင်းကို စီးပွားဖြစ်စိုက်ပျိုးမှု‌တွေ ပိုမိုလုပ်လာကြတယ်လို့ ကျေးရွာရဲ့ ဥက္ကဌကပြောပါတယ်။

“ရွာခံတွေတော့ ၅၀ရာခိုင်နှုန်းလောက်တော့စိုက်တယ်။ စစ်ရှောင်တွေကတော့ နည်းနည်းပါးပါးပဲစိုက်တယ်။ အရင်နှစ်နည်းတယ်။ အခုနှစ်ကစိုက်တာပိုများတယ်၊ ဈေးကွက်ရှိလို့ မိသားစု ဝင်ငွေရရှိဖို့အတွက် သူတို့စိုက်ကြတယ်လေး။ ဝင်ငွေပိုရှိလာတာပေါ့၊ နနွင်းကပိုလွယ်တယ်။ စိုက်ရပိုလွယ်တယ်၊ တူးရလည်းပိုလွယ်တယ်၊၊ အခြားလုပ်ငန်းထပ်စာရင်ပိုလွယ်တယ်ပေါ့၊ အ့တာကြောင့်စိုက်ကြတယ်။”လို့ ကျေးရွာရဲ့ဥက္ကဌ ဖြစ်သူကပြောပါတယ်။

ပြီးခဲ့နှစ်တွေမှာ နနွင်း‌တွေ ဈေးကွက်ကောင်းတာ ၊ နနွင်းစိုက်ရာတွင်မြေဩဇာတွေ အသုံးပြုဖို့ မလိုအပ်တာတွေကြောင့် တောက်သူတွေက နနွင်းကိုပိုစိုက်လာကြတယ်လို့ သူကဆက်ပြောပါတယ်။

“အရင်နှစ်ကဈေးကတော့ ၅၀၀၀ဈေးနဲ့ ၊အခုကတော့ရှိမလား၊ မရှိဘူးလားဆို စိုက်တော့စိုက်ကြတာပဲ၊ ဟိုအဲ့တာတော့ အတိအကျမသိဘူး စျေးနှုန်းပေါ့။ အခက်အခဲတော့ သိပ်မရှိလိုဘူး။ မြေဩဇာလည်းမလိုဘူး။ တောင်ယာခုတ်ထားတယ်၊ မီးရှို့ထားတယ်၊ ရှင်းထားတယ်ဆို ဒီတိုင်းသွားစိုက်ရုံပဲ အ့တာတော့နည်းနည်းလွယ်တယ် ၊အဲ့တာကြောင့်အခက်အခဲသိပ်မရှိလိုဘူးပေါ့” လို့သူကဆက်ပြောပါတယ်။

နနွင်းကို ဧပြီလနှင့်မေလ တွေမှာစိုက်ပျိုးကာ နောက်နှစ် ဖေဖော်ဝါရီလမှာပြန်တူးကြတာပါ။ တူးထားတဲ့ နနွင်းတွေကို ပြန်ပြုတ်တာ၊ အခြောက်လှန်းတာ တွေပြုလုပ်ပြီးမှ ပြန်လည်ရောင်းချရတယ်လို့ဆိုပါတယ်။

ဖရူဆိုမြို့နယ်၊ အနောက်ဖက်ခြမ်းက ကျေးရွာတွေမှာ စပါး၊ပြောင်း၊ငရုတ်သီး စတဲ့သီးနှံတွေကို ဝမ်းစာအတွက် တနိုင်တပိုင် စိုက်ပျိုးပြီး ဖာလာ၊ နနွင်း‌တွေကိုတော့စီးပွားဖြစ် စိုက်ပျိုးကြပါတယ်။

spot_img
spot_img

Recent posts