ကန္တာရဝတီတိုင်း(မ်)
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်တွေ အေးချမ်းစွာ ဆန္ဒထုတ်ဖော်ပြရာကနေ စတင်ပြီး လက်နက်ကိုင်တိုက်ပွဲဝင်ရတဲ့အထိ ဖြစ်လာခဲ့တာ အခုဆိုရင် (၄) ကျော်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
နေရာအသီးသီး တိုက်ပွဲအသီးသီးတွေမှာ ဒဏ်ရာရရှိပြီး ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးသွားပေမယ့် တော်လှန်ရေးအပေါ် မှာ ထားရှိတဲ့ လူငယ်တွေရဲ့ စိတ်ဓတ်ကို အခုလို ပဲ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
သူကတော့ KA ရဲဘော်ခူးစူးရယ်ပါ။ ၁ လေးလုံး စစ်ဆင်ရေး မြို့သိမ်းတိုက်ပွဲ အတွင်းမှာ ရဲဘော်ရဲဘက် တစ်ဦးမိုင်းနင်းမိရာမှ သွားကယ်ထုတ်ရာကနေ သူကိုယ်တိုင်ပါ မိုင်းထပ်နင်းမိပြီး ခြေထောက်ဆုံးရှုံးလိုက်ရတဲ့အကြောင်း အခုလိုပဲ ပြောပါတယ်။
“ပထမ ကျနော်ရှေ့မာက သူငယ်ချင်းပေါ့နော်။ ကျနော်တို့အဖွဲ့ထဲက မိုင်းအရင်နင်းမိတာ။ သူက ၁၄ မိုင်းနင်းမိတာ။ နင်းမိတော့ သူငယ်ချင်းတွေက အော်တော့ လာထမ်းကူဖို့ပေါ့။ ကျနော်က ပြေးလာပြီး သွားထမ်းတာ။ ထမ်းတော့ ကျနော်ဝင်တဲ့အချိန်မှာ ဒီတိုင်းပဲ သူ့ဆီကိုပဲ စိတ်ရောက်နေတော့ ဝင်သွားလိုက်တယ်။ပြီးတော့သူ့ကို ချီလာတယ်။ ထမ်းလာတယ်ပေါ့နော်။ အပြန်ချိန်မှာပဲ ကျနော် နောက်ထပ် ထပ်နင်းမိတယ်။ ပိုဆိုးတာက ကျနော် နင်းမိတာက ၁၆ မိုင်းဖြစ်တယ်။ အ့ကြောင့် ကျနော့် ခြေထောက်နှစ်ဖက်လုံး ထိသွားတယ်။ အမှန်က သူ့ဆီကိုပဲ စိတ်ရောက်နေတယ်။ သူ့ကို ဆေးရုံကို ပဲစိတ်နဲ့ပဲ ခြေလှမ်းတွေက သတိမထားမိတော့ဘူး။ အခုလို ဖြစ်သွားခဲ့တာပေါ”
ခြေထောက်မရှိတော့ပေမယ့် တော်လှန်ရေးအပေါ် ဆက်လက်ထားရှိတဲ့ သူ့ရဲ့ စိတ်ဓတ်ကိုတော့ အခုလိုပဲ ကြားရမှာ ဖြစ်ပါတယ်။
“ဖြစ်နိုင်ရင်တော့ ဆက်ပြီးတော့ လုပ်ချင်သေးတယ်။ ဒီလို ဖြစ်သွားတော့လည်း သူတို့ကြောင့် ဖြစ်သွားတယ်ဆိုပြီးတော့ စိတ်တော့ တိုတာပေါ့နော်။ သူတို့သာ ဒီလိုမျိုးမလုပ်ရင် ကျနော်တို့ ဒီလိုဖြစ်စရာကြောင်း မရှိဘူး။ လုပ်နိုင်ရင်တော့ ထပ်ပြီတော့ လုပ်ချင်သေးတယ်။ အခုက ကုသနေရတဲ့ အချိန်အတွင်းဆိုတော့လည်း ဘယ်အချိန်မှ ပြန်လည် သက်သာလာမယ်မှုန်းလည်း မသိ။ တော်တော်လည်း ကြာနေပြီဆိုတော့ လုပ်နိုင်ပါ့မလား ဆိုတာလည်း ရှိသေးတယ်။တွေးမိတာပေါ့နော်။လုပ်တော့ လုပ်ချင်သေးတယ်။ စိတ်ပဲကျန်တယ်။ ကိုက မရတော့ဘူး။ အလိုဖြစ်နေတော့ ဒွိဟတော့ ဖြစ်တာပေါ့။ လုပ်သင့်လား မလုပ်သင့်ဘူးလား။ တခါတလေတော့ တွေးမိတယ်။စိတ်ကတော့ ရှိတယ်။ ခန္နာကိုယ်က အဆင်တော့ဘူး ။ အလို ဖြစ်နေတာပေါ့နော်”
ဒရုန်းတပ်ဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ အသက် ၃၀ အရွယ် ခူးမီရယ် ကတော့ ၂၀၂၄ နိုဝင်ဘာလအတွင်းမှာ နယ်စပ်မှာ ရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို သိမ်းပိုက်ဖို့ သွားရာကမှ စီးလာတဲ့ကား မိုင်းနင်းမိတာကြောင့် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
“ကျနော်တို့ နယ်စပ်မှာရှိတဲ့ တပ်စခန်းကုန်တစ်ခုကို လုပ်ဖို့ သွားတဲ့အချိန်မှာ ကျနော့်တို့ကားနဲ့ သွားတာပေါ့နော်။ ကားနဲ့သွားတဲ့အချိန်မှာ ကားက မိုင်းနင်မိလိုက်တဲ့အတွက်ကြောင့် ဒဏ်ရာရခဲ့တာ ဖြစ်တယ်”
“ကားပေါမှာ ကျနော်တို့လူ စုစုပေါင်း ၈ ယောက်သွားတယ်ပေါ့။ ၈ ယောက်ထဲမှာမှ ၃ ယောက်အသက်ဆုံးရှုံးသွားတယ်။ ကျန်တဲ့ ၅ ယောက်ကတော့ ဒဏ်ရာရသွားတယ်”
ခြေထောက်မှာ ဒဏ်ရာရရှိထားပေမယ့်လည်း တော်လှန်ရေးအပေါ် စိတ်ပျက်သွားတာမျိုး မရှိတဲ့အကြောင်း အခုလိုပဲ ပြောပါတယ်။
“ကျနော်တို့ ဒီအလုပ်ကို ရွေးချယ်လိုက်ပြီးကတည်းက စပြီးတော့မှာ ဒီဟာကို ပြောင်းလဲမှာမဟုတ်ဘူး။ အရင်အတိုင်းပဲ ။ ကျနော်ဒီဒဏ်ရာကနေ ပြန်လည် သက်သာ လာခဲ့ရင် ကျနော်လုပ်နိုင်တဲ့ဘက်နေ တဖန်ပြန်ပြီးတော့ ကူညီမယ်လို့ ကျနော် ဆုံးဖြတ်ထားတယ်။ တော်လှန်ရေးအပေါ် စိတ်ပျက်သွားတာမျိုး မရှိဘူး”
နောက်ထပ် KA ရဲဘော်တစ်ဦးဖြစ်တဲ့ အသက် ၃၀ ကျော်အရွယ် ရဲဘော်ခူးဆော်ရယ်ကတော့ ၂၀၂၃ စက်တင်ဘာလ သေးဆူလဲ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ထိမှန်တဲ့ ဒဏ်ရာကြောင့် ဆီးအိမ်နဲ့ ဝမ်းလမ်းကြောင်း ဝေဒနာကို ခံစားနေရတာပါ။
ကျန်ရှိနေတဲ့ ရဲဘော်ရဲဘက်ကိုတော့ တော်လှန်ရေး ပြီးဆုံးသည်အထိ ဘာမှ မဖြစ်ပဲ တိုက်ပွဲအောင်နိုင်ဖို့အတွက်ကိုပဲ ဆုတောင်းပေးနိုင်တော့တယ်လို့ သူ့ရဲ့ တော်လှန်ရေးအပေါ်ထားတဲ့ စိတ်ဓတ်ကို အခုလိုပဲ ပြောပါတယ်။
“ဒီဒဏ်ရာရပြီးပြီ။ဒါပေမယ့် ဒီကနေ နားထောင်လိုက်တယ်။သတင်း တခုခုတက်လာတယ်။ တကယ်လို့ ကိုယ့်လူတွေက ဒီတိုက်ပွဲမှာ ဒီလိုမျိုးသိမ်းရတယ်။ ကိုယ်က ဒီမှာလည်း ပျော်တယ်။ ကိုယ်လူတစ်ခုခု ချေထောက်ထိတာပဲဖြစ်ဖြစ် တခုခု ဖြစ်သွားတယ်ကြားရင် စိတ်မကောင်းဖြစ်ရတယ်။ အမြဲတမ်းလည်း ဆုတောင်းမိတယ်။ကိုယ့်လူတွေ ကိုယ့်လိုမျိုး ထပ်မဖြစ်ကြဖို့ တော်လှန်ရေး ပြီးမြောက်တဲ့အထိ ဘာမှမဖြစ်ပဲနဲ့ တိုက်နိုင်ကြဖို့ ဆုတောင်းပေးတယ်။ကိုယ်တိုင်ကတော့ ပါဝင်ချင်တဲ့ စိတ်ရှိသေးတာပေါ့။ ဒါပေမယ့် ဒီဒဏ်ရာနဲ့က မလုပ်ရှားနိုင်တော့ဘူးဆိုတော့ အခုချိန်မှာ ဒဏ်ရာလည်း ရတဲ့အခါကျတော့ လုံးဝ မတွေးချင်တော့ဘူး။လုပ်တော့လုပ်ချင်တယ်။ ဒါပေမယ့် မလုပ်နိုင်တော့တဲ့အချိန်ကျတော့ အဲတာကို ထွေထွေထူးထူးအနေနဲ မစဉ်းစားတော့ဘူး”