spot_imgspot_imgspot_imgspot_img
Friday, March 14, 2025
spot_imgspot_imgspot_imgspot_img

ဆောင်းတွင်းဝင်ရောက်လာပြီဖြစ်တာကြောင့် စစ်ဘေးရှောင်တွေအတွက် အနွေးထည်နဲ့စောင်တွေ လိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဆောင်းတွင်းကာလရောက်ရှိလာပြီဖြစ်တာကြောင့် ကရင်နီပြည်က စစ်ဘေးရှောင်စခန်းအများစုမှာရှိနေတဲ့ စစ်ဘေးရှောင်တွေဟာ အနွေးထည်နဲ့ စောင်တွေ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ အထူးသဖြင့် ကျေးရွာတွေနဲ့ တောတောင်အနီးအနားမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင်အတွက် ပိုလိုအပ်နေတယ်လို့ ဆိုပါတယ်။

“ဒီနှစ်က တစ်ခါမှ မကြုံဖူးတဲ့ရေကြီးမျိုးတွေလည်းရှိတော့ ပုံမှန်နှစ်တွေထက် ပိုအေးမှာ ကြိုကြောက်နေရတယ်။ ပိုအေးလည်းအေးနိုင်မယ်ထင်တယ်။ နှစ်တိုင်း ပုံမှန်အေးတာတောင်မှ အနွေးထည်၊စောင်တွေဆို လုံလုံလောက်လောက် မရနိုင်တာ။ ဒီနှစ်တော့ ဆောင်းမဝင်ခင်ကတည်းကလည်း လိုနေတာပါ။ ရေလည်းကြီးဖူးတော့လေ။ အနွေးထည်မှမဟုတ်ပါဘူး။စောင်တွေကအစပေါ့။”လို့ လွိုင်ကော်မြို့နယ် အနောက်ဘက်ခြမ်းက ရေဘေးဒဏ်ကြုံတွေ့ခဲ့တဲ့ နိုးကိုးကျေးရွာအုပ်စုက စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

နိုးကိုးကျေးရွာအုပ်စုက ဆော်ခီးဒေါ၊ နိုးကိုး ၊ ရေယို ၊ ထေးငှားလျားဖက်က စစ်ဘေးတိမ်းရှောင်ရတဲ့ ဒေသခံ ခန့်မှန်းခြေ ၁၀၀၀ ကျော်ရှိပြီး စစ်ဘေးအပြင် ရေဘေးပါ ကြုံတွေ့ခဲ့ရတာကြောင့် စောင် ၊ အနွေးထည်တွေ လုံလုံလောက်လောက် မရှိဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင်စခန်းအများစုအတွက် စောင်နဲ့ အနွေးထည်တွေကို ကူညီပေးဖို့ တင်ပြတောင်းဆိုလာကြတာတွေ ရှိနေတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

“လိုအပ်ချက်က အနည်းနဲ့အများတော့ ကွာပါတယ်။ ရေဘေးရှောင်တွေကတော့ တချို့ နေရပ်ပြန်ကြပြီ။ စစ်ရှောင်တွေတော့များတုန်းပါပဲ။ ဆို‌တော့ အနွေးထည်တွေ စောင်တွေက ဒီလိုဆောင်းရာသီအတွက်ကတော့ ပြောစရာမလိုတော့ပါဘူး။ သေချာပေါက် လိုအပ်ကြမှာပါပဲပေ့ါနော်။”လို့ စစ်ရှောင်ကူညီဆောင်ရွက်ပေးတဲ့ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

စစ်ဘေးရှောင်ကာလ ၃နှစ်ကျော်ကြာမြှင့်လာတာနဲ့အမျှ ကရင်နီပြည်က စစ်ဘေးရှောင်တွေဟာ နေရပ်ပြန်နိုင်ခြင်းမရှိဘဲ စစ်ဘေးရှောင်စခန်းမှာ နေထိုင်ရဆဲဖြစ်ပါတယ်။ ဝင်ငွေမရှိတဲ့ စစ်ဘေးရှောင်တွေဟာ စောင်၊ အနွေးထည်တွေထက် နေ့စဉ်စားသောက်ရေးကိုပဲ ရုန်းကန်နေရတာကြောင့် ဆောင်းအအေးဒဏ်ကို အန်တုနိုင်ဖို့ အလှူရှင်က ထောက်ပံ့ကူညီမယ့် အနွေးထည် ၊ စောင် တွေကို မျှော်လင့်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

spot_img
spot_img
spot_img

Recent posts